မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအကြောင်းအရာ ဟောပြောပွဲတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါဟောပြောပွဲကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ဆရာနဲ့ ပြည်သူ ၁၀၃ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဟောပြောပွဲတက်ရောက်လာသူ ဒေသခံ ၁ ယောက်က “စစ်ကြောင်းထိုးတာမှ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ အရင်က ထင်ခဲ့တာ၊ အခုလိုဟောပြောတာကြောင့် လေကြောင်းနဲ့ တိုက်ခိုက်တာကလည်း လူ့အခွင့်အရေးချိုးဖောက်တာပဲဆိုတာ သိသွားရတယ်” လို့ မှတ်ချက်ပြုပြောကြားခဲ့ကြောင်း NUG က ဆိုပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက လူ့အခွင့်အရေးတာဝန်ခံတွေအနေနဲ့ ပြည်သူလူထုကြားမှာ လူ့အခွင့်အရေး အသိပညာပိုမိုတိုးတက်နိုင်ရေးနဲ့ ရပ်ရွာလူထုဘေးကင်းလုံခြုံရေးအတွက် အသိပညာပေးရေးလုပ်ငန်းတွေကို မြေပြင်မှာ စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

မူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၄) ဦး သေဆုံး၊ (၁) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။