ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၂ရက်၊ မနေ့ညနေပိုင်းမှာ ဖအောင်ဝဲအုပ်ချုပ်ရေးမှူး ခင်ဝင်းပြန်လာတဲ့ လမ်းပိုင်းတစ်နေရာကနေ Nine Stars Underground Force , Bago Region အဖွဲ့သားတွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ်နဲ့ ၅ချက်ပစ်ခတ်ခဲ့ရာ ၃ချက်ထိမှန်ကာ နေရာတင်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တဖြစ်လဲ ပျူစောထီးခေါင်းဆောင် ၁ ယောက်လည်းဖြစ်တဲ့ ခင်ဝင်းကို Nine Stars Underground Force , Bago Region က ပြီးခဲ့တဲ့နှစ် ၂၀၂၄၊ ဇန်နဝါရီလတုန်းကလည်း ပစ်ခတ်ရှင်းလင်းခဲ့ဖူးပြီး အသက်အန္တရာယ်လွတ်မြောက်သွားခဲ့တာကြောင့် အခုအခါမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“ဖဲဝိုင်းကပြန်တော့ သူ့နောက်မှာ ဆိုင်ကယ် ခြောက်စီးလောက်ပါတယ်ဗျ။ ကျနော်တို့ ပစ္စည်း ပါမပါ စစ်ဆေးဖို့ အချိန်မလုံလောက်ခဲ့ဘူး.. ၅ချက်ပစ်ခဲ့တာ ၃ ချက်မှန်တယ်ပေါ့။ အရင်နှစ်က သူ့ကိုရှင်းခဲ့ဖူးတယ်။ ဒါပေမယ့် နည်းနည်းလည်း ကြာသွားတော့ သတိထားတာတွေဘာတွေ မရှိတော့ဘူးပေါ့။” လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။

ပထမအကြိမ် ပစ်ခတ်ရှင်းလင်းခံရစဥ် မြင်တွေ့ရသည့် အုပ်ချုပ်ရေးမှူး ခင်ဝင်း



အမှတ်(၉) ရပ်ကွက် ခေါ် ဖအောင်ဝဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပျူစောထီး ခင်ဝင်းဟာ အကြမ်းဖက်စစ်အာဏာသိမ်းချိန် ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့လူငယ်တွေနဲ့ တော်လှန်ရေးရဲဘော် လူငယ် အယောက် ၆၀နီးပါးကို ထောင်ကျအောင် စစ်အုပ်စုကို သတင်းပေး ဖမ်းဆီးခိုင်းတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“အခုဆိုသူက ရဲနဲ့ပေါင်းပြီး ဆိုင်ကယ်တွေပါ မြို့ထဲ လိုက်ဖမ်းတယ်။ ပြည်သူကို အမျိုးမျိုးဒုက္ခပေးနေပါတယ်။ ပထမတစ်ခေါက်ရှင်းတုန်းက သူ့တပည့် ဒါးအိမ်စု ရာအိမ်မှူး ခင်မောင်အေးပဲ သေသွားတယ်။ သူလွတ်သွားခဲ့တာပါ။” လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပြွေးက ပြောပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မအရပ်သားတွေကို စည်းရုံးနေကြတဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ဆက်လက်ပစ်ခတ်ရှင်းလင်းသွားမယ့်အကြောင်း Nine Stars Underground Force , Bago Region က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုကို ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်နှင့်ပေါင်းပြီး လူငယ်များကို ဖမ်းဆီးငွေရှာနေသူများနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာအား ပကဖ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ စစ်မြေပြင်တစ်နေရာက ပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းဒေသအတွင်း ပြောက်ကျား စစ်မြေပြင် တစ်နေရာက ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။