မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၃၁) ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းကာလအတွင်း သင်တန်းဆင်း ရဲဘော်တွေဟာ အခက်အခဲတွေကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ကျော်ဖြတ်ခဲ့ရပြီး သင်တန်းကာလတစ်‌လျှောက်လုံး စွမ်းဆောင်ရည်ကို ပြသတဲ့အနေနဲ့ စစ်ရေးသရုပ်ပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို ရာမညမွန်တပ်တော် (RMA) က ဒုစစ်ဦးစီးချုပ်(၁) နိုင်စိုးဝင်း၊ ဒုစစ်ဦးစီးချုပ်(၂) နိုင်ကျည်ဆံ၊ စစ်ရေးနိုင်ငံရေးကော်မတီဝင် နိုင်သူရဌေး၊ သင်တန်းဆရာတွေ၊ တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းရဲဘော်တွေကို ရာမညမွန်တပ်တော် (RMA)က ဒုစစ်ဦးစီးချုပ် (၁) နိုင်စိုးဝင်း၊ ဒုစစ်ဦးစီးချုပ် (၂) နိုင်ကျည်ဆံနဲ့ စစ်ရေးနိုင်ငံရေးကော်မတီဝင် နိုင်သူရဌေးတို့က ခွန်အားဖြည့်မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

မတ္တရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။
Read More

စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျပ်ဘီလီယံ တစ်ရာနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် AA ပါဝင်ပတ်သက်ခဲ့သည်ဟု စစ်ကောင်စီ စွပ်စွဲ

ရန်ကုန်မှာ ကျပ်ဘီလီယံတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်မှာ AA ပါဝင်ပတ်သက်မှုရှိနေကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့််မီဒီယာတွေမှာ ဖော်ပြလာပါတယ်။