အလင်္ကာကျော်စွာဘွဲ့ရ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ ဂန္တဝင်မြောက် “လူချွန်လူကောင်း” သီချင်းကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက မဲဆွယ်စည်းရုံရာမှာ ရောင်းချအသုံးပြုစေမှုကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။ 

နိုင်ငံတော်ရဲ့ ပုံရိပ်အဖြစ် မျှော်မှန်းရေးသားခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းကို ဖခင်ကြီးရဲ့ အမွေဆက်ခံတဲ့ မြို့မငြိမ်းမိသားစုဆီ အသိပေးခွင့်ပြုချက် မရယူဘဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ရပ်၊ ပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့က သူတို့ကိုယ်ကျိုးအတွက် သီချင်းတစ်ပုဒ်လုံးကိုဖြစ်စေ၊ သီချင်းရဲ့ စာသား တစိတ်တပိုင်းကိုဖြစ်စေ အသုံးပြုခြင်း၊ သီဆိုခြင်း၊ ဖြန့်ဝေခြင်း၊ လွှင့်ထုတ်ခြင်းတွေကို ကန့်ကွက်ကြောင်း သီချင်းရဲ့ မူရင်းပိုင်ရှင် မြို့မငြိမ်းရဲ့ မိသားစုက ကြေညာထားပါတယ်။ 

ကွယ်လွန်သူ အလင်္ကာကျော်စွာ မြို့မငြိမ်း

မြို့မအပျော်တမ်းတူရိယာအသင်း တာဝန်ရှိသူတွေအနေနဲ့လည်း မြို့မငြိမ်းရဲ့ သီချင်းတွေကို ဧည့်ခံဖျော်ဖြေပွဲတွေမှာ သီဆိုတီးမှုတ်ခြင်းမှအပ တခြား ဂီတထုတ်လုပ်ခြင်းတွေ၊ နိုင်ငံရေး၊ စီးပွား‌ရေး အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုခြင်းတွေကို မြို့မငြိမ်းမိသားစုရဲ့ သဘောတူခွင့်ပြုချက်မရဘဲ ပေးအပ် ရောင်းချ ခွင့်ပြုခွင့်မရှိဘူးလို့လည်း မြို့မငြိမ်း မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု ကျင်းပမယ့် အတုအယောင် တရားမဝင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က မဲဆွယ်ရာမှာ အသုံးပြုဖို့ ဩဂုတ်လ ၂၉ ရက်က မြို့မအသင်းကို အလှူငွေ ဆယ်သိန်း ပေးပြီး ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။ 

“အရင်တည်းက အစိုးရတရပ်၊ ပါတီတဖွဲ့အတွက်သာ သေးသိမ်စွာ ရေးစပ်ခဲ့ခြင်းမဟုတ်ပါဘူး၊ နောက်ပြီး ပါတီတဖွဲ့ မဲဆွယ်ဖို့ ရည်ရွယ်ရေးစပ်ထားတာလည်း မဟုတ်ပါဘူး၊ ဒါကို မြို့မငြိမ်းကိုယ်တိုင် ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ မြို့မအပျော်တမ်းတူရိယာအသင်း ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းတွေနဲ့မညီဘဲ အသင်းဥက္ကဋ္ဌ ၁ ယောက်တည်းရဲ့ သဘောထားနဲ့ လက်လွှတ်စပယ် ပြုမူ ဆောင်ရွက်တာ၊ မိသားစုရဲ့ သဘောထားကို မရယူဘဲ လျစ်လျူရှု ထင်ရာစိုင်း ဆောင်ရွက်တာ၊ ဒါတွေကို တမလွန်က မြို့မငြိမ်းက ကျေနပ်ခွင့်လွှတ်မှာမဟုတ်ဘူး” လို့ မြို့မငြိမ်းအသင်းရဲ့ အဖွဲ့ဝင်ဟောင်း ၁ ယောက်က မှတ်ချက်ပေးထားပါတယ်။

မြို့မငြိမ်းသီချင်းကို အသုံးပြုခွင့်တောင်းခဲ့သည့် NDF ပါတီအဖွဲ့ဝင်များ

မြန်မာနိုင်ငံရဲ့ စာပေနဲ့ အနုပညာ မူပိုင်ခွင့် ဥပဒေမှာ သီချင်းတစ်ပုဒ်ကို သီချင်း ရေးစပ်သူ သေဆုံးပြီးနောက် နှစ်ပေါင်း ၅၀ အကြာမှာ ပြည်သူတွေ လွတ်လပ်စွာ အသုံးပြုပိုင်ခွင့် ရှိတယ်လို့ ပါရှိပေမယ့် အနုပညာ ဖန်တီးမှုကို ယုတ်လျော့သေးသိမ်စေဖို့ ပြုလုပ်ရင် တေးရေးဖြစ်သူရဲ့ မိသားစုက ကန့်ကွက်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။

လူချွန်လူကောင်း သီချင်းဟာ အလင်္ကာကျော်စွာ မြို့မငြိမ်းက ၁၉၅၂ ခုနှစ် ရန်ကုန်မြို့မှာ ဖ.ဆ.ပ.လ အစိုးရက ကျင်းပတဲ့ ပြည်တော်သာညီလာခံအတွက် “ကမ္ဘာကြည့်” ကြည့်မြင် ရေးစပ်ခဲ့တဲ့ ဂန္ထဝင်မြောက်သီချင်း ဖြစ်တာကြောင့် ဂီတအနုပညာရှင်တွေ လေးစားမြတ်နိုးကြတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ရွှေဘိုပကဖ ရဲ့ ၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံသတင်း)

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဟာ နွေဦးတော်လှန်ရေးအတွင်း (၄)ကြိမ်မြောက်အဖြစ် သက်ကြီးပူဇော်ပွဲ ပြုလုပ်ကာ ​ကုသိုလ်ယူခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တောင်ငူ ဝေဠုဝန်ဘုန်းကြီးကျောင်းပြိုကျပြီး ကိုရင် တစ်ပါးအပါ စစ်ဘေးရှောင်ကလေးငယ် ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ဝေဠုဝန်ဘုန်းကြီးကျောင်း သိမ်ပြိုကျခဲ့ပြီး ကိုရင်ငယ် ၁ ပါး အပါအဝင် စစ်ရှောင်ကလေးငယ် ၆ လောင်း တွေ့ရှိခဲ့တယ်လို့ Save The Trees Rescue Team က ဖော်ပြထားပါတယ်။
Read More

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် စစ်ရေးလှုပ်ရှားလာတာကြောင့် KTLA တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။