ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်က ထိုင်းယာယီဝန်ကြီးချုပ်က ထိုင်းဘုရင်ဆီကို အောက်လွှတ်တော် ဖျက်သိမ်းရေး အဆိုပြုထားတဲ့ စာတစ်စောင်ကို ပေးပို့ခဲ့ပြီး ဘုရင်ရဲ့ တော်ဝင်အမိန့်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿာနာတွေကို ဖြေရှင်းဖို့အတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး နိုင်ငံ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူရမယ်လို့ ယာယီဝန်ကြီးချုပ် ဖူထန်ဝေချာယာချိုင်းက ပြောဆိုထားပါတယ်။

အောက်လွှတ်တော်ကို မဖျက်သိမ်းရင် ထိုင်းနိုင်ငံအတွင်း မရေရာမှုတွေနဲ့ ပိုမိုဆိုးရွားလာမှာဖြစ်တာကြောင့် နိုင်ငံ့အာဏာကို ပြည်သူတွေဆီ ပြန်လည်အပ်နှံသင့်တယ်လို့ ဖွေ့ထိုင်းပါတီက ယုံကြည်ကြောင်းလည်း ပြောဆိုထားပါတယ်။

နယ်စပ်အရေး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဆွေးနွေးချက် အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ဟာ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့အတွက် ထိုင်းနိုင်ငံရေးဟာ စတင်ပြီး မတည်မငြိမ် ဖြစ်လာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ခန့်အပ်ရေးအပါအဝင် အစိုးရအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းရေးနဲ့ အောက်လွှတ်တော် ဖျက်သိမ်းရေးကိစ္စရပ်တွေဟာ ထိုင်းဘုရင်ရဲ့ သဘောထားအပေါ် မူတည်နေတယ်လို့လည်း ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

စစ်အုပ်စုထောက်တိုင်တချို့အပေါ် အရေးယူမှုတွေ အမေရိကန်က ရုပ်သိမ်းမှုဟာ နောက်ကြောင်းပြန်တာပဲလို့ ကုလသမဂ္ဂအရာရှိ ပြော

အာဏာသိမ်းစစ်အုပ်စုရဲ့ ထောက်တိုင်တချို့အပေါ် အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်က ရုပ်သိမ်းလိုက်တာဟာ နောက်ကြောင်းပြန်သွားတာပဲလို့ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ဇူလိုင်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။