မြန်မာနိုင်ငံမှာ အကြမ်းဖက်မင်းအောင်လှိုင်က ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ စစ်အုပ်စုရဲ့ ပြန်ကြားရေးနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြရေးသားထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့ တီယန်ကျင်းမြို့မှာ ဩဂုတ်လ ၃၀ ရက် မနေ့က ညနေပိုင်း တွေ့ဆုံချိန်မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကို ထောက်ခံတဲ့ ပါတီစုံဒီမိုကရေစီအတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုတွေအပေါ် တရုတ်နိုင်ငံရဲ့ ထောက်ခံအားပေးမှုနဲ့ သံတမန်ရေးရာအရ ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ မြန်မာဟာ ခိုင်မာတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို အမြဲထောက်ခံရပ်တည်အားပေးနေသလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ဆောက်မှုတွေကိုလည်းထောက်ခံတယ်လို့ တရုတ်သမ္မတက ပြောဆိုထားပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းတာ ခံထားရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်၊ မေလမှာ အာရှဥရောပနိုင်ငံတွေ ပါဝင်တဲ့ SCO အဖွဲ့ရဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပြီး အစည်းအဝေးတွေ စတင်တက်ရောက်ခဲ့သလို အဖွဲ့ဝင် နိုင်ငံဖြစ်လာစေရေး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ထောက်ခံပေးစေလိုတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ အခုတွေ့ဆုံဆွေးနွေးမှုကနေ နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း အကြမ်းဖက်မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးကို ဆန့်ကျင်ကာ အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တာအပြင် နိုင်ငံအတွင်းရှိ သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေက တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ နိုင်ငံရေး စစ်ရေးအရ ဖိအားပေးတာတွေ ပြုလုပ်နေပြီး မြန်မာ့ပြည်တွင်းရေးကို ထဲထဲဝင်ဝင် စွက်ဖက်မှုတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။