ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

​သြဂုတ်လ ၃၀ ရက်၊ မနေ့ညနေပိုင်းမှာ အကြမ်းဖက်အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်တွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို Yangon Army (YA) တပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်း၂ ခုကို အသုံးပြုပြီး သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အောင်မင်္ဂလာရပ်ကွက်ရုံးက အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်အဖွဲ့တွေကို ရည်ရွယ်တိုက်ခိုက်တာဖြစ်ပြီး ပစ်မှတ်တွေအပေါ် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Yangon Army (YA) တာဝန်ရှိသူက ပြောပါတယ်။

“ဗုံးသီးသုံးရင် မကြားကြဘူး။ အခုအနေအထားက မိုင်းနဲ့တိုက်ခိုက်ရ အဆင်ပြေလို့ မိုင်းနဲ့လုပ်ခဲ့တာပါ။ ထိခိုက်မှုတွေရှိနိုင်ပါတယ်” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါဟာ Yangon Army (YA) အဖို့ အခုလအတွင်း ၃ ခုမြောက်မြို့ပြမစ်ရှင်ဖြစ်ပြီး အကုန်လုံးဟာ အကြမ်းဖက် စစ်ခေါင်းဆောင် အသည်းအသန်လုပ်ချင်နေတဲ့ ရွေးကောက်ပွဲကိစ္စတွေနဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေလုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်ဆိုသူတွေကို ရည်ရွယ်တာလို့လည်း သိရပါတယ်။

ပြီးခဲတဲ့ သြဂုတ်လ ၂ ရက်နေ့ကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာ လုံခြုံရးယူပေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မြို့ပြပြောက်ကျားတွေက ပြင်းအားမြင့်လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် သြဂုတ်လ ၂၃ ရက်နေ့မှာလည်း အင်းစိန်မြို့နယ်ထဲက မြို့သစ်(ဂ)ရပ်ကွက်ရုံးကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

“ရန်ကုန်မှာအဖမ်းအဆီးများပြီး လုံခြုံရေးတင်းကြပ်လာတယ်။ ကျနော်က သူတို့ကို မတိုက်ခိုက်လို့မရဘူး။ ငြိမ်နေလို့မရဘူးဆိုတဲ့စိတ်နဲ့ ကျနော်တို့ အရင်ထက်ပိုပြီး လုပ်ဆောင်နေတာပါ” လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

Yangon Army(YA) အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း စစ်အုပ်စု ပစ်မှတ်တွေနဲ့ ရွေးကောက်ပွဲအတွက် ပက်သက်နေသူတွေ​ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းပကဖ ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊ အပတ်စဥ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပြည်သူတွေ ခက်ခဲနေတဲ့ကြားက မြို့ပတ်ရထားလက်မှတ်ခတွေကို စစ်ကောင်စီ တိုးမြှင့်ကောက်ခံမယ်

ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုသိမ် စစ်သင်တန်း လေ့ကျင်ရေးကျောင်းကနေ ရှမ်းပြည်အပို့ခံရတဲ့ အပတ်စဉ် ၅ စစ်သင်တန်းသား ၈ ယောက် မိုင်းထိ သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။