စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နဲ့ သြဂုတ်လ ၂၆ ရက်နေ့တွေမှာ မုံရွာခရိုင် ကွပ်ကဲရေးမှုးရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ Chindwin Rocket Brothers-CRB နဲ့ ပူးပေါင်းတပ်တွေက နမခဌာနချုပ်ဝန်းထဲကို တစ်ကြိမ် ရော့ကတ် ၁၀ လုံးစီ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်တိုင်းရုံးက အရာရှိ(၃)ယောက်နဲ့ စစ်သား (၅) ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အပြင်းအထန်ထိခိုက်ခဲ့သူ ၇ ယောက်ကိုလည်း တဆ (ခွဲ) ၄/၃၀၀ တပ်ဆေးရုံမှာ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း Chindwin Rocket Brothers-CRB တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအတွင်း ယမ်းသိုလှောင်ရုံတစ်ခုလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က တစ်ကြိမ်၊ ဒီလ ၂၆ ရက်နေ့က တစ်ကြိမ် လုပ်ခဲ့တာကို ပေါင်းထုတ်လိုက်တာပါ။ ရော့ကတ်တွေပစ်ဖို့ အဓိကဖြစ်တဲ့ ထုတ်လုပ်ရေးက ကူညီပံ့ပိုးမယ့်သူနည်းတာမို့ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလိုလုပ်နိုင်တာလည်း မဟာမိတ်အဖွဲ့ရဲ့ အကူအညီတွေ အများကြီးပါပါတယ်” လို့ Chindwin Rocket Brothers-CRB တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)က ဦးဆောင်ကာ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊ Anonymous Heroes၊ Bandula Defense Force၊ Budalin Defense Force၊ Federal Democratic Force၊ Chindwin Brothers ၊ အုပ်ကြီးနှင့်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်များ ပစ်ခတ်နေစဥ် (ဓာတ်ပုံ CRB)

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု ၆ဦး ဒဏ်ရာရကာ အဆောက်အအုံများ ထိခိုက်ပျက်စီး

ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။