တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်းရွာ၊ မရမ်းချောင်းရွာ၊ မိုင်၆၀ရွာ ၊ သာယာမွန်ကျေးရွာတို့ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကနေ စစ်သားတွေ ထွက်ပြေးနေရာ အဲ့ဒီထဲက စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၄ ယောက်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့တန်းစစ်မြေပြင် တစ်နေရာမှာ ဖမ်းဆီးရမိပြီး အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကနေ ထွက်ပြေးလာသူတွေကတော့ တပ်သားနန်းကိုကို ( မိခင်တပ်ရင်း ခမရ ၄၀၉ )၊ တပ်သားဇေယျာဝင်း (ခ) ကျော်ဝင်း ( မိခင်တပ်ရင်း ခမရ ၄၀၅ သရက်ချောင်း ) ၊ တပ်သားနိုင်လင်းအောင် ( မိခင်တပ်ရင်း ခမရ ၄၀၉  ကလိန်အောင်) နဲ့ ရန်နိုင်မင်း(ခ) ချစ်စမ်းမောင် ( မိခင်တပ်ရင်း ခလရ ၂၈၂ ကလိန်အောင်) တို့ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ အဆိုပါစစ်သားတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သင်တန်း ၂ လခွဲခန့် တက်ရောက်ခဲ့ပြီးနောက် စစ်မြေပြင်ကို ပို့ဆောင်ချိန် ထွက်ပြေးခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းစစ်သား ၄ ယောက်ရဲ့ ထွက်ဆိုချက်အရ အထက်အရာရှိတွေ မတရားခိုင်းစေခြင်း၊ စစ်မြေပြင်မှာ ရှေ့ဆုံးမှထားပြီး မတရားအမိန့်ပေးကာ တက်ခိုင်းခြင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်တွေဆီက ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခြင်း၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိိပ်စက်သတ်ဖြတ်ခြင်းတို့ ရှိကြောင်း PDF နည်းဗျူဟာ (၃၃) က ဆိုပါတယ်။

အဆိုပါအကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ရင်းတွေကတော့ ခလရ (၂၈၂)၊ ခမရ (၄၀၇)၊ ခမရ (၄၀၈)၊ ခမရ (၄၀၉)၊ ခမရ (၄၁၀)၊ ခလရ (၂၇၃)တို့ ဖြစ်ပြီး ဗိုလ်မှူးစိုးမိုးကျော် ဒုတပ်ရင်းမှူး ခမရ ( ၄၀၉ )၊ ဗိုလ်ကျော်မျိုးခိုင် ခမရ ( ၄၀၉ )၊ ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီးအံ့ဘုန်းကျော်၊ ဗိုလ်ကြီးအာကာစိုး ခလရ ( ၂၈၂ )၊ ဗိုလ်မှူးကျော်ဆန်းထွန်း ခမရ ( ၄၀၇ )တို့ ပါဝင််တယ်လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို PDF နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့၊ ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးဘီလူးတပ်ရင်း၊ ရာမညမွန်တပ်တော် (R.M.A)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နဲ့ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA) တို့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ က စစ်သား ၁ ဦး KNLA ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းက အနန်းကွင်းကျေးရွာက အိမ်ခြေ ၅၀ ခန့်ကို မီးရှို့ဖျက်ဆီး…

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျူဟာစခန်းက အနန်းကွင်းကျေးရွာရှိ အိမ်ခြေ ၅၀ ဝန်းကျင်က်ု မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်တွင် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၊ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။