မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဆိုင်ကယ်စီးနင်းလာသူ ၁ယောက်ကို ဦးထုပ်မပါတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ရာ နေအိမ်အတွင်း အဝတ်လှန်းနေသူတစ်ယောက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

သြဂုတ်လ ၂၆ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုမြို့ပေါ် အမှတ် (၇) နှစ်ထောင်ပြည့်ရပ် တိလောက ဘုန်းကြီးကျောင်းအနီးမှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဆိုင်ကယ်မောင်းနှင်လာသူ ၁ယောက်ကို ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့ အကြောင်းပြချက်နဲ့ နောက်ကနေ လိုက်လံခြိမ်းခြောက် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဒီလိုမျိုး လိုက်လံပစ်ခတ်ရာမှာ ဆိုင်ကယ်စီးနင်းလာသူကတော့ လွတ်မြောက်သွားခဲ့ပေမယ့် စစ်အုပ်စု ရမ်းသမ်းပစ်ခတ်လိုက်တဲ့ ကျည်တွေက တိလောက ဘုန်းကြီးကျောင်းအနောက်ဘက်၊ နေအိမ်တစ်လုံးအတွင်း အဝတ်လှန်းနေတဲ့ အသက် ၃၉ နှစ်အရွယ် ကိုဇော်ဇော်ဝင်းဆိုသူကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုဇော်ဇော်ဝင်း၏ နာရေးမြင်ကွင်း

စစ်အုပ်စု ပစ်ခတ်လိုက်တဲ့ကျည်တွေဟာ လည်ပင်းနဲ့ ဝမ်းဗိုက်နေရာတွေကို ၂ ချက် ထိမှန်ခဲ့တာဖြစ်ပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ ကိုဇော်ဇော်ဝင်းတစ်ယောက် အဲ့ဒီနေ့ ညနေပိုင်းမှာ သေဆုံးသွားတယ်လို့ Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

ရေစကြိုမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်တွဲ စီးနင်းခွင့် အတင်းအကြပ် ပိတ်ပင်ထားပြီး ရပ်မပေးရင် ပစ်ခတ်သတ်ဖြတ်တာတွေအထိ စစ်အုပ်စုက လုပ်ဆောင်နေတာကြာပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေစကြိုမြို့ပေါ်ကနေ အာဏာသက်ရောက်နိုင်စွမ်းမရှိတဲ့ ကျေးရွာတွေဆီ ကုန်စည်စီးဆင်းခွင့်ကိုလည်း စစ်အုပ်စုက ဖြတ်လေးဖြတ်သဘောမျိုးနဲ့ အလွန်အကျွံ တင်းကြပ်ထားတာကြောင့် အရပ်သားတွေ အခက်တွေ့နေကြောင်း သိရပါတယ်။

“အတော်ထင်ရာစိုင်းပြီး ယုတ်ယုတ်မာမာတွေ လုပ်နေတယ်ပြောရပါမယ်။ အခုဆို မြို့ဝင်ကနေ နယ်ဘက်ပြန်ထွက်တဲ့ ကားတွေ၊ သုံးဘီးတွေ၊ ထော်လာဂျီတွေကိုစစ်တယ်။ မြို့ဝင်ဂိတ်တွေက စစ်ပြီး ဆန် ၁ အိတ်၊ ဆီ ၁ ပုံးထက်ပိုရင် ချယူထားလိုက်တယ်။ အနုကြမ်းစီး ဓားပြတိုက်သလို ပြည်သူတွေအပေါ် ယုတ်မာနေကြတာ”လို့ Yeasgyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

စစ်အုပ်စုပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုဇော်ဇော်ဝင်း၏ နာရေးမြင်ကွင်း
0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကတဆင့် အင်အားဖြည့်တင်းနေ

ဟားခါးနဲ့ ထန်တလန်ဒေသကြားက စစ်ကောင်စီတပ်စခန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီလို့ ချင်းပြည်နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ် တစ်ယောက် တော်လှန်ရေးအဖွဲ့ ရောက်လာလို့ အိမ်သာထဲ ဝင်ပုန်းပေမယ့် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်တစ်ယောက် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်၊ ခမရ-၁၂တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိပြီး စစ်သား ၉ ဦး သေဆုံး 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။