စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရုံပင်ကုန်းရွာ အနီးတဝိုက်ကို ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်က လာတဲ့ ဂျက်ဖိုက်တာက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ ခန့်အရွယ် အမျိုးသားပြည်သူ ၃ ယောက်နဲ့ အသက် ၅၀ ခန့်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက်ပိုင်း ဝက်လက်မြို့နယ်နဲ့ ထိစပ်နေတဲ့ မတ္တရာမြို့ပေါ်ရှိ စစ်သားတွေကလည်း ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ပေါ်တွေနဲ့ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အထူးဂရုစိုက်နေထိုင်ဖို့ Wetlet Informational Network က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁လကျော်အတွင်း သေဆုံးသူ ၁၀ယောက်အထိရှိလာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက​ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော် အထက်တန်းကျောင်းရှေ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထွက်ပြေး၊ ဆိုင်ကယ် ၃ စီး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဧပြီလ တစ်ဖက်သတ် အပစ်ရပ်မည်

စစ်ကိုင်းမြို့နယ်ကို အခြေပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီး၊ ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေရဟု KNU ပြော

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။