ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအပြီး ၄ လခွဲကျော် ကြာချိန်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ရှိ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦး A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း ဒီနေ့ ညနေပိုင်းမှာ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Sky Villa ကွန်ဒိုရဲ့ A အဆောင် (၃) လွှာ၊ အခန်းအမှတ် E3 ကနေ အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၃) ယောက်ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စစ်ကိုင်းငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အပေါ်ယံသာ လုပ်ပြနေပြီး တကယ့်လက်တွေ့မှာတော့ ငလျင်ဒဏ်သင့် ဒေသတွေက ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးချိန်ကတည်းကစလို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လျစ်လျူရှုနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ခြေလျင်စစ်ကြောင်းထိုးတာတွေကိုသာ ပိုမိုလုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ရောက် မြန်မာမိသားစုဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။