ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ယောက် ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၉ ရက် ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က မိုင်းလုံမြို့၊ ခန်နီရပ်ကွက်မှာ လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုလအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေမှာ လေကြောင်းကနေ စုစုပေါင်း (၂၈)ကြိမ် ဗုံးတွေ လာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက်နဲ့ အမျိုးသား (၁၃) ယောက် သေဆုံးခဲ့ပြီး အမျိုးသား (၃၅) ယောက်၊ အမျိုးသမီး (၉) ယောက်နဲ့ ကလေးငယ် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် (၇၆) လုံး၊ စာသင်ကျောင်း (၂)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေထဲက အောင်ပွဲရခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို Force for Federal Democracy ထုတ်ပြန်ဖော်ပြ… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ Force for Federal Democracy - FFD နဲ့ ပူးပေါင်း Drone အဖွဲ့တွေရဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေက အောင်ပွဲအချို့ရဲ့ မှတ်တမ်းပုံရိပ်တွေကို FFD က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

တပ်မ (၂၂) မှ စစ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။