၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သား၊ရဲ၊ ပြည်သူ့စစ် ၅၁ ဦးအထိရှိခဲ့ပြီး လက်နက်ချ၊ စစ်သုံ့ပန်း ၅၈ ဦးရှိခဲ့တယ်လို့ ပြည်သူ့ ပန်းတိုင်ထံက သိရပါတယ်။

ဇူလိုင် ပထမပတ်အတွင်း ကောက်ယူထားတဲ့ စာရင်းအရ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက် ရှိခဲ့ပြီး အလင်းဝင်လာတဲ့ စစ်သား ၃၁ ယောက်အထဲက ၂၂ ယောက် အဓမ္မစစ်သားစုဆောင်းခံရတဲ့ တပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့စစ်သားတွေကတော့ တနင်္သာရီတိုင်းမှာ (၁၁) ယောက်၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းမှာ (၁) ယောက်စီ၊ စစ်ကိုင်းတိုင်းမှာ (၇) ယောက်နဲ့ ချင်းပြည်နယ်က (၁၁) ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အလင်းဝင်လာတဲ့ ရဲ ၃ ယောက်ကတော့ ကရင်ပြည်နယ်မှာ (၂)နဲ့ မန္တလေးတိုင်းက (၁) ယောက်တို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းတစ်ခုတည်းက ပြည်သူ့စစ် ၁၇ ယောက် အလင်းဝင်လာသလို တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၅၈ ယောက် ရှိတယ်လို့ သိရပါတယ်။

တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လ ပထမပတ်အထိ လက်နက်ချ၊ အလင်းဝင်၊ စစ်သုံ့ပန်း စုစုပေါင်း ၁၆၀၁ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီနှင့် ပေါင်းပြီး ပြည်သူ့နေအိမ်များကို ဖျက်ကာ တန်ဖိုးရှိပစ္စည်းများ ယူနေသည့် ပျူ ၂ ဦးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက စစ်တပ် သတင်းပေး ပျူစောထီးတွေဖြစ်တဲ့ မြဇော်ဦးနဲ့ ဒေါ်ယူပီကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲရာနေရာကနေ စျေးထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Yephyu People Defense Force က ထုတ်ပြန်ပါတယ်။
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

သရက်တွင် ပြည်သူပိုင်ပစ္စည်းခိုးသည့် စစ်ကြောင်းနှင့် ပစ္စည်းလာပို့သည့် စစ်ကားတန်း တစ်နေ့တည်း တိုက်ခိုက်ခံရ၊ အရာရှိနှင့် စစ်မေ​၊ ရဲများအပါ ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ သရက်​မြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ ကားနဲ့တိုက်ယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကပစ လုပ်ငန်းသုံးပစ္စည်းတွေ တင်လာတဲ့ စစ်ကားတန်းကို တစ်နေ့တည်း ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်မေတွေအပါ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ United States Of Burma Army - USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။