မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 

မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပူးတွဲသတင်းထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းစဉ်ကတော့  မွန်တော်လှန်ရေးတပ်တွေ အားလုံးပူပေါင်းပါဝင်တဲ့ တစ်ခုတည်းသော မွန်တပ်တော် ဖြစ်ပေါ်လာရေးကို ရည်ရွယ်မျှော်မှန်းပြီး ဖွဲ့စည်းခဲ့ကြတာဖြစ်ပေမယ့် နောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီ AD ကနေပြီး သူတို့ရဲ့ လက်အောက်ကို တပ်တွေအားလုံး ဝင်လာပြီးရင် သူတို့ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ဝင်ဖို့ အတင်းတိုက်တွန်းလာခဲ့တယ်လို့ MSDF တပ်မှ ဒေါက်တာသီရိမွန်ချမ်းက ဆိုပါတယ်။ 

“MSRF နဲ့ ကျနော်တို့ မွန်ပြည်ကာကွယ်ရေး (MSDF) ကတော့ မဝင်ဘူး။ MLA ကတော့ သူတို့အောက်ကို ရောက်သွားတယ်။ အဲဒီအခြေအနေကြောင့်လည်းပါတာပေါ့။ အခုကျတော့ တပ် ၄တပ်မှာ ၂တပ်က AD ရဲ့ ကွပ်ကဲမှုအောက်ကို ရောက်သွားတယ်။ ကျနော်တို့ ၂တပ်ကကျတော့ ကျန်နေတယ်။ အဲ့လိုဆိုတော့ တပ် ၄တပ်နဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်းမဟုတ်တော့ဘူး။ ပြန်ပေါင်းရင်လည်း တပ် ၃ တပ်ဖြစ်မယ်။ ဖွဲ့စည်းမှုတွေလည်း ပြန်လည်ဖွဲ့စည်းရမယ်။ ဒီတာကို ဆွေးနွေးနေတဲ့ အချိန်မှာ ဒီစစ်ကြောင်းကို ခဏနားထားတာလည်း ပါပါတယ်” လို့ MSDF တပ်မှ ဒေါက်တာသီရိမွန်ချမ်းက မောင်းကို ပြောပါတယ်။

ရာမည ပူးတွဲ စစ်ကြောင်း ” ကို ဖွဲ့စည်းပြီးနောက် တွေ့ရသော မွန် ၄ တပ်မှ ခေါင်းဆောင်များ။ (ဓာတ်ပုံ MSDF)

 ဒါ့အပြင် စစ်ကြောင်းကို ဖျက်သိမ်းရတဲ့ နောက်ထပ်ရည်ရွယ်ချက်ဟာ စစ်ကြောင်း စတင်ဖွဲ့စည်းစဉ်က ပထမသက်တမ်းကို ၄လလို့ ချမှတ်ထားခဲ့ရာ သက်တမ်းပြည့်ပြီဖြစ်ကြောင်းနဲ့ လက်ရှိကာလဟာ ပွင့်လင်းရာသီ မဟုတ်တော့တာကြောင့် စစ်ကြောင်းရဲ့ စစ်ဆေးဆိုင်ရာလှုပ်ရှားမှုတွေ ခက်ခဲနေကြောင်း စတဲ့ အချက်တွေကြောင့် ရာမညစစ်ကြောင်းကို ခေတ္တရုတ်သိမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို တော်လှန်ပြီး မွန်ပြည်သူတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ NMSP-AD နဲ့ MLA တို့ ၂ဖွဲ့ ပူးပေါင်းပြီး နိုင်ငံရေးဦးဆောင်မှု (NMSP-AD)၊ စစ်ရေးဦးဆောင်မှု (RMA) အနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ 

MSRF တပ်မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်ကတော့ “ရာမညစစ်ကြောင်း ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့တဲ့ ဦးဆောင်ကော်မတီတွေရဲ့ ဆုံးဖြတ်ချက်အရ သက်တမ်းပြည့်တဲ့အတွက် ရုတ်သိမ်းလိုက်ရခြင်း ဖြစ်ပါတယ်။ ကျမအနေနဲ့ ပြောလို့ရတာကတော့ သဘောတရားအရတော့ ရာမညစစ်ကြောင်းက မရှိတော့ပါဘူး။ ဖျက်သိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။ 

ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးနောက်မှာ စုစုပေါင်း စစ်ဆင်ရေး (၂) ကြိမ်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို ပယ်ချရန် အာဆီယံခေါင်းဆောင်များထံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော် စာပို့

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အာဆီယံခေါင်း ဆောင်တွေထံ စက်တင်ဘာ ၃ ရက် မနေ့က စာတစောင်ပေးပို့ပြီး အရေးတကြီး တောင်းဆိုလိုက်ကြောင်း တရားမဝင်အတု အယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး-Anti-illegal Sham Election က ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်ဆုံးရှုံးရဲဘော်တွေကို လစဉ်ထောက်ပံ့ငွေတွေ စတင်ပေးအပ်

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် MDY-PDF က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကွတ်ခိုင်မှာ ကလေးငယ် ၄ ဦး မိုင်းနင်းမိ၊ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ် ၄ ယောက် လက်လုပ်မိုင်း နင်းမိရာ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တစ်နှစ်အတွင်း MBT တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကနေ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးစေခဲ့

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။