ပြီးခဲ့တဲ့ မေလက စလို့ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလမှာ စတင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အပြင်းအထန် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲလာတဲ့အတွက် ဇူလိုင်လ (၁၅)ရက်မှာ PSLF/TNLAအနေနဲ့ နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို အခြားလုံခြုံတဲ့နေရာဆီ ပြောင်းရွှေ့ကာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

နောင်ချိုဒေသမှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာမှုကြောင့် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA အကြား မေလကနေ ဇူလိုင်လ (၁၅)ရက်အထိ (၃၁၉) ကြိမ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှု (၁၆၂)ကြိမ် ၊လက်နက်ကြီး ပစ်ခတ်မှု (၄၆၉၂)ကြိမ်နဲ့ အဆိပ်ငွေ့ဗုံး တိုက်ခိုက်မှု (၁၈၆) ကြိမ် ပြုလုပ်ခဲ့ပြီး ဒီနေ့အထိ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ် မေလကစလို့ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွါးနေတဲ့နေရာနဲ့ တိုက်ပွဲမဖြစ်ပွါးတဲ့နေရာတွေက အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ မြို့ဧရိယာမှာ မနေထိုင်နိုင်တော့ဘဲ ဘေးကင်းဖို့အတွက် မြို့ပြင်ပ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေ မြို့ပြင်ပကို ပြောင်းရွှေ့နေထိုင်ပေမယ့် စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာဆီ ထပ်မံပြီး တိုက်ခိုက်လာတဲ့အတွက် နေစရာပျောက်ဆုံးသွားတဲ့ ပြည်သူတွေဟာ နီးစပ်ရာမြို့ဆီ ပြောင်းရွှေ့ကာ စစ်ရှောင်စခန်းဆီ စစ်ဘေးရှောင်နေခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။

မေလကနေ ဇူလိုင်လ (၁၅)ရက်အထိ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တို့မှာ သေဆုံးသူ (၂၃) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၈၈) ယောက် ရှိပြီး ဘာသာရေးအဆောက်အအုံ ဘုန်းကြီးကျောင်း (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်းနဲ့ နေအိမ်အလုံး (၂၂၀) ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကင်းလှည့်နေ

စစ်ဘေးကြောင့် ဘေးလွတ်ရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေး ကင်းလှည့် စစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

တောပုရွာမှ ပျူစောထီးများ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို သတ်ကာ နေအိမ် ၃ လုံး မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့သလို နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။