ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာချိန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိုင်စောက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၁၅ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာ မြေနီကျောရွာထဲကို လက်နက်ကြီးတွေ ပစ်ဖောက်ပြီး ဝင်ရောက်ခဲ့ပါတယ်။ အဲဒီကနေတဆင့် အဆိုပါ စစ်အုပ်စုဟာ ကြို့ပင်ဝိုင်းအုပ်စုအတွင်းရှိ ကျေးရွာထဲကိုဝင်ရောက်ဖို့အတွက် လက်နက်ကြီးအပြင် စက်လက်နက်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီးတွေ၊ စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတစ်ယောက် သေဆုံးခဲ့သလို တစ်ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိမှန်ဒဏ်ရာရရှိသွားတဲ့ ဒေသခံကို သွားရောက်ခေါ်ယူဖို့ရာ စစ်ကောင်စီစစ်ကြောင်းနဲ့ အနီးတစ်ဝိုက်မှာရှိနေတဲ့အတွက် သွားရောက်ကယ်ထုတ်လို့မရသေးဘူးလို့ ဆိုပါတယ်။

“ မြေနီကျောရွာကို လက်နက်ကြီးနဲ့ ထုတော့ ကြိုပင်ဝိုင်းအုပ်စုထဲက ရွာတစ်ရွာပေါ်ကျတယ်။ ကျတဲ့အတွက် ဒေသခံတစ်ယောက် ထိတယ်။ နောက်တစ်ယောက်ကိုတော့ ပစ်သတ်တယ်လို့ ပြောပါတယ်။ အလောင်းတော့ ပြန်မရသေးတဲ့အတွက် အတည်ပြုဖို့တော့ ခဲယဥ်းနေပါသေးတယ်။ သူတို့က ဒီရွာကို ဝင်ပြီးဆိုကတည်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ထုတယ်။ စက်သေနတ်တွေနဲ့ စွဲပြီး ဝင်လာတယ်။ လက်နက်ကြီးထိထားတဲ့ လူနာကိုလည်း အခုထိ ကျမတို့က ဆွဲထုတ်လို့မရသေးတဲ့ အခြေအနေပါ။ စကစ စစ်ကြောင်းနဲ့ အနီးဆုံးအနေအထားဖြစ်နေတဲ့အတွက်” လို့ ပေါက်ခေါင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းမထိုးခင် ၂ ရက်အလိုမှာ ရိက္ခာအင်အား၊ လူအင်အားကြိုတင်ဖြည့်ထားပြီး အလုံးစုံ ပြည့်စုံသွားတဲ့အခါမှာတော့ အခုလို စစ်ကြောင်းထိုးတာတွေကို အုပ်စုခွဲပြီး ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို အုပ်စုခွဲပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ဇွန်လကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၄ ရွာက ပြည်သူတွေဟာ ယခင်ရှောင်တိမ်းနေတဲ့နေရာကနေ ထပ်မံပြီး တောနက်တွေထဲကို ဆက်လက်ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေထဲမှာ တချို့က ငွေကြေးချမ်းသာတဲ့အတွက် မြို့ပေါ်တက်ပြီး အိမ်ငှားကာ သွားရောက်နေထိုင်ကြပေမယ့် စီးပွားရေးအဆင်မပြေတဲ့သူတွေကတော့ တောတွေထဲမှာ ရှောင်တိမ်းနေထိုင်နေရတာ ၁ လကျော်ရှိပြီးဖြစ်တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်ကို စစ်အုပ်စု စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပုံ

“လက်ရှိစစ်ရှောင်တွေက လူဦးရေ အများကြီးတက်လာတယ်။ အရင်ကတည်းက ရှောင်နေရတာမှန်တယ်။ ပြီးတော့ စစ်ကြောင်းကရေရှည်ဖြစ်သွားတော့ စစ်ရှောင်အရေအတွက် ၄ ထောင်နီးပါးရှိတယ်။ စုစုပေါင်း စစ်ရှောင်က ၈ထောင်ကျော်ရှိတယ်။ အဲဒီထဲမှာ ပိုက်ဆံရှိတဲ့ လူတန်းစားရှိတယ်။ သူတို့ကပြေလည်တော့ မြို့မှာအိမ်ငှားနေတယ်။ လက်လုပ်လက်စားနဲ့ ရွာမှာ ကျန်နေခဲ့တဲ့သူတွေက ၄ ထောင်နီးပါးရှိတယ်” လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၂၉ ရက်နေ့ကတည်းက ပေါက်ခေါင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီနေ့အထိ ပြန်လည်ထွက်ခွာသွားခြင်းမျိုးမရှိတဲ့အတွက် ဒေသခံတွေဟာ ရေရှည်စစ်ဘေးရှောင်နေရတာကြောင့် စားဝတ်နေရေး ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ရှောင်တွေဟာ ငှက်ဖျားရောဂါနဲ့ တုတ်ကွေးရောဂါအဖြစ်များသလို သောက်သုံးရေတွေ မသန့်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတာ၊ အနာတွေဖြစ်တာတွေ ရှိတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် ဆေးဝါးများစွားလည်း လိုအပ်တယ်လို့ ပေါက်ခေါင်းနယ်ခံတွေဆီက သိရပါတယ်။

“နံပတ် (၁) အနေနဲ့ ကျမတို့ စားဝတ်နေရေး အရမ်းခက်ခဲပါတယ်။ ဆေးဝါးအရေးပေါ်လိုအပ်နေတယ်။ ဆေးဝါးတွေက ငှက်ဖျားဆေးတွေလိုအပ်တယ်။ မိုးရာသီဆိုတော့ တုပ်ကွေးရှိတယ်။ အခုရာသီတုပ်ကွေးက Covid နဲ့လည်းရောနေတော့ တော်တော်လေးသတိထားရတယ်။ ရေမသန့်တဲ့အတွက် ယားနာလိုဟာမျိုး ပြီးရင် ဝမ်းပျက်ဝမ်းလျှော၊ ရေမသန့်လို့ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၊ လသားအရွယ် ကလေးတွေအတွက် ဆေးဝါးတွေလိုအပ်တယ်” လို့ သူကဆိုပါတယ်။

လက်ရှိ ပြည်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဆေးဝါးဝယ်ယူခွင့် ပိတ်ထားတဲ့အတွက်ကြောင့် လိုအပ်တဲ့ ဆေးဝါး၊ အရက်ပျံ၊ ပတ်တီးတို့ကို ဆရာဝန်လက်မှတ်နဲ့ ရပ်ကွက်လူကြီးထောက်ခံစာပါမှ ဝယ်ယူလို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်း နပခ ထဲမှာ တိုက်ခိုက်ဖို့ နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီး ရာချီခန့်ရှိတဲ့ စစ်သားတွေ အသည်းအသန်ခုခံနေ၊ ရိုးမတောင်တန်းကနေ စစ်ကောင်စီ ပစ်ကူတဲ့ လက်နက်ကြီးတွေ တိုင်းစစ်ရုံးထဲက စစ်သားတွေဆီကျပြီး ထိခိုက်သေဆုံး

အမ်း နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် (တိုင်းစစ်ရုံး) ထဲမှာ အာရက္ခတပ်တော် AA က တိုက်ခိုက်ဖို့ နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီး ခန့်မှန်းချေ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေက အသည်းအသန် ပြန်လည်ခုခံနေတယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ကန့်ဘလူတွင် စစ်ကောင်စီတပ်ကက အရပ်သား ၅ ဦးကို ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

PDF စိုးမိုးနယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရှမ်းတောင်နဲ့ ကရင်နီဒေသက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ PNO က ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေဟု BWCI အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသက အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများကို  ပအိုဝ်းပြည်သူ့စစ် (PNO) မှ လုပ်ဆောင်လာတယ်လို့ Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
Read More

မတ္တရာက ပြည်သူ့ရဲဘော်တွေကို စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲဘော်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး လက်ကမ်းစာစောင်တွေ နဲ့ စစ် သည်တော်ကျင့်ဝတ် လက် ကမ်းစာစောင်များကို မနေ့က ပေးဝေခဲ့ တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ NUG က ထုတ်ပြန်ပါတယ်။