ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၆ ရက်က ဟားခါးမြို့ရှိ ရဲတစ်ယောက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးဆီ ပူးပေါင်းပါဝင်ဖို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ တစ်ယောက်ကို Chinland Defense Force – Hakha က နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေး ချီးမြှင့်တဲ့အပြင် လုံခြုံသည့်နေရာရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းချင်သူတွေကို အမြဲတမ်းကြိုဆိုနေသလို လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူသွားမယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့တိုက်ပွဲအတွင်း KPLA- B 626 တပ်ခွဲ (၁) မှ ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်တွင် အကြမ်းဖက်စစ်ကြောင်း ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းခွဲထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် စစ်ကောင်စီကာကင်းစခန်းတွေကို PDF ဗျူဟာ ၃ ခုနှင့် မဟာမိတ်တွေ ဝင်ရောက်စီးနင်းချေမှုန်း၊ စစ်ကောင်စီဘက်က ရဲမှူးအပါ ၁၀ ယောက် သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ညောင်လေးပင်မြို့နယ်တွေက စစ်ကောင်စီကာကင်းစခန်းတွေ တစ်ပြိုင်နက်တည်းဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ များခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။