ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥကရစ်ထတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေနဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။

KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၂ ပတ်ကျော်အကြာ ဒီနေ့ ဇူလိုင်လ ၁၂ ရက် မွန်းတည့်အချိန်ခန့်မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ပါ ခုခံတိုက်ခိုက်ခဲ့ပေမယ့် ဒီနေ့မှာတော့ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေက ထိုင်းစစ်တပ်ရဲ့ အထူးတပ်ဖွဲ့က လက်နက်ချခိုင်းပြီး လုံခြုံရေးအရ စစ်ဆေးမှု ပြုလုပ်ကာ ဒဏ်ရာရသူတွေကိုလည်း ဆေးကုသမှုပေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်း အဆိုပါစခန်းအနီးဝန်းကျင် နေထိုင်တဲ့ ဒေသခံပြည်သူ မြန်မာနိုင်ငံသား ၄၆၇ ယောက်ဟာ တိုက်ပွဲဘေးကနေ လွတ်ကင်းဖို့ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

ထိုင်း-မြန်မာနယ်စပ်က ဝေါလေဗျူဟာကုန်းနဲ့ ဥကရစ်ထစခန်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ​ကြောင့် ထိုင်းစစ်တပ်ကလည်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်းက တိုက်ပွဲကို စောင့်ကြည့်နေပြီး စစ်ရေးအသင့်ပြင်ထားတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

KNU ပူးပေါင်းတပ်ဖွဲ့ဟာ ဥကရစ်ထစခန်းကို သိမ်းပိုက်ပြီးနောက် မြဝတီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းနဲ့ ထီးသဲလယ်စစ်တပ်စခန်းတို့သာ ကျန်ရှိတော့တာဖြစ်ပြီး အဆိုပါဒေသရှိ နယ်စပ်စခန်းတွေဖြစ်တဲ့ ဘလက်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်စခန်း၊ မော်ခီးစခန်း၊သေ့ဘောဘိုးစခန်းနဲ့ ထီးကပယ်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပုံစာ – ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာနယ်စပ်က တိုက်ပွဲတွေကို စောင့်ကြည့်နေတဲ့ ထိုင်းစစ်တပ် အထူးတပ်ဖွဲ့

ဓာတ်ပုံ – AEC Thailand
0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု အပါအဝင် သုံးစွဲသူ အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့သည့် တယ်လီနောကို နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်

Justice For Myanmar (JFM) နဲ့ ICJ Norway တို့ဟာ နော်ဝေအခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံ တောအုပ်တစ်ခုထဲရှိ ကား ၃စီးပေါ်တွင် တရားမဝင် မြန်မာလုပ်သား ၅၅ ဦး ဖမ်းမိ၊ ကားမောင်းသူများ ရဲမလာခင် ထွက်ပြေးသွား

ထိုင်းနိုင်ငံ Khao Khi Foi ခရိုင်ခွဲထဲက တောအုပ်တစ်ခုမှာ စွန့်ပစ်ထားတဲ့ ကား ၃စီးကနေ မြန်မာနိုင်ငံသား ၅၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။