ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ တောင်ငူမြို့ အမှတ် ၃၉ ခြေလျင်တပ်ရင်းကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းအတွင်းရှိ ရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နဲ့ တပ်ရင်းလူပျိုဘားတိုက်တွေ မီးလောင်ပျက်စီးခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်စစ်သည် ၃ ယောက်သေဆုံးပြီး အရာရှိ ၁ ယောက်နဲ့ အခြားအဆင့်စစ်သည် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ဟာ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – B.W.M

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက် ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force - YPPDF ထံက သိရပါတယ်။
Read More

တိုက်ပွဲပေါင်း ၆၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့သည့်လက်နက်ကြီးရဲ‌ဘော် ရှောက်သီး တော်လှန်‌ရေးကာလဖြတ်သန်းမှု (ရုပ်/သံ)

မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲပေါင်း ၆၀ ကျော်ကို ပါဝင်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးရဲဘော် ရှောက်သီးရဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုကို 3702-Warrior's Adventure က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်တပ် ဝင်ဖမ်းမည့်သတင်းကြောင့် KK Park ရှိ ကျားဖြန့် အများအပြား ထွက်ပြေးတိမ်းရှောင် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ပုလောမြို့နယ် မိမ္မမြို့ကျေးရွာအား စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီတပ် လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းကင်းမြို့နယ် သင်တောရွာအနီး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၄ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်တောရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေကာ ၁ ယောက် ဖမ်းမိခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုထံက သိရပါတယ်။