(၆၃) နှစ်‌မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်လ (၇)ရက် မနေ့က ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဌာနချုပ်နယ်မြေနဲ့ စစ်ဒေသအသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာတော့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်က တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အ‌သက်ပေးလှူခဲ့တဲ့ ‌အာဇာနည်ရဲဘော်တွေကို အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတဝက် လွှင့်ထူအလေးပြုကာ ၁ မိနစ်ငြိမ်သက်ခဲ့ပြီး ဆဲဗင်းဂျူလိုင် ဖြစ်ပေါ်လာပုံ သမိုင်းဖြစ်စဉ် အကျဉ်းကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်၏ သာလွန်အင်အားကြောင့် ယာယီဆုတ်ခွာပေးခဲ့ရသည့် ရန်ကင်းတောင်စခန်းကို တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်မှာ တော်လှန်ရေးအင်အားစုတွေ တပ်စွဲနေစဉ် စစ်တပ် စ်ကြောင်းက သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရမယ့် လက်ရှိမှာ ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း  မော်လိုက်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ 
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သတင်းတန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး (KNU) ၊ မြိတ်−ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို မေလ (၂၅) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၁၆ ဦးရှိပြီး NUG ပညာရေးစနစ်သစ်ကို ဖြေဆိုအောင်မြင်ထားသူအချို့ ပါဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။