ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force – Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

(၄) လကျော်ကြာမြင့်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) ရဲ့ သင်တန်းဆင်းပွဲမှာတော့ သင်တန်းဆင်း ရဲဘော်ရဲမေတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် လူငယ်မောင်မယ်တွေအားလုံး အမျိုးသားရေးတာဝန်တွေကို မရှောင်လွှဲဖို့နဲ့ Chin Defense Force – Kanpelet တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) မှာလည်း အမျိုးသား‌ရေးတာဝန်သိစိတ်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ်(၂) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီး‌မြောက်နိုင်ရေးအတွက် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်‌တော် (ULA/AA) နဲ့ ပြည်တွင်းပြည်ပက Chin Defence Force – Kanpetlet ရဲ့ ထောက်ပို့ပြည်သူအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်‌ကြေညာထားပါတယ်။

Chin Defence Force – Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မွေးဖွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့ကို ထိန်းချုပ်စိုးမိုးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်ကောင်စီတပ်အထိုင်စခန်းက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု(၂) ရှိ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းတွေက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ - ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နတ်တောင်တာဝါတိုင်စခန်းကုန်းကို AA သိမ်းပိုက်၊ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီး ၂ စီးနှင့် ဒရုန်းများကို AA ပစ်ချ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ နတ်တောင်တာဝါတိုင်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၉၄၂၀ တပ်ရင်းရဲ့ ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် ၉၄၂၀ တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။