”အာဏာသိမ်း ၄နှစ်ကျော်မှာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းပြချက်အကောင်းကောင်းမရှိဘဲ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ချခြင်း၊ ပစ်သတ်ခြင်းများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ကျနော် လင်းထင်ဆိုပေမယ့် ဇာတိမြို့ဖြစ်တဲ့ ညောင်လေးပင်မြို့သူမြို့သားတွေက ထောင့်မကျိုးလင်းထင်လို့ ခေါ်ကြတယ်။ ခေါ်ရတဲ့အကြောင်းဟာ ညောင်လေးပင်မြို့သူမြို့သားတွေကို ကလိမ်ကကျစ်ကျပြီး ငွေတောင်းခြင်း၊ အထက်အရာရှိနဲ့ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ကျနော် ကြည့်မရတဲ့သူတွေ့ရင် ဓားနဲ့ခုတ်ခြင်း၊ အထက်အရာရှိနဲ့ပေါင်းပြီး လက်အောက် ငယ်သားတွေနဲ့ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးခဲ့ပါတယ်”

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း စစ်စခန်းကို ရှင်းလင်းချေမှုန်းနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေနဲ့ ရဲအုပ် သိန်း ဇော်ထွန်း၊ ရဲအရာခံဗိုလ်အောင်မျိုးဦးနဲ့ ရဲတပ်ကြပ် လင်းထင်တို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

Video – Royal Peacock Column-P 29913

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

အညာရှေ့တန်းစစ်မျက်နှာမှ အမျိုးသမီး စနိုက်ပါသမား မိကျော့ (ရုပ်/သံ)

အညာရှေ့တန်းစစ်မျက်နှာမှာ အမျိုးသမီးရဲဘော် ၁ ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို စနိုက်ပါသမား မိကျော့ရဲ့ အတွေ့အကြုံပြောကြားချက်ကို ယင်းမာပင်ခရိုင် တပ်ရင်း-၁ က မျှဝေထားပါတယ်။
Read More

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ ပြောပြသည့် တပ်တွင်းအခြေအနေအများ (ရုပ်/သံ)

“(တပ်ထဲမှာ) အထက်အရာရှိတွေက အောက်လက်ကို သိပ်မကြည့်ကြဘူး။ သူတို့အတွက်ပဲ သူတို့ ကြည့်နေတယ်။ သူတို့ရ ပြီးရော၊ သူတို့ စားရပြီးရော။ လစာထဲကနေ ဘယ်လိုဖြတ်ရမလဲ။ ဘယ်လိုတောက်ရမလဲ။ ဘယ်လိုခေါင်းစဥ်နဲ့ ဘယ်လိုတပ်ပြီး ဘယ်လိုဖြတ်ရမလဲပဲ စဥ်းစားနေကြတယ်၊ သူတို့ခေါင်းထဲ ရိုက်သွင်းထားတဲ့ ပုံစံနဲ့ အခုလက်ရှိ ကျနော် တွေ့ကြုံရတဲ့ပုံစံနဲ့ ကွာဟမှုဖြစ်နေတယ်”
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''
Read More

CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)

CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။