မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို ရိက္ခာနဲ့ တပ်အင်အားလာပို့တဲ့ စစ် ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီး ယာဉ် ၂ စီး သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှတ် တမ်းရုပ်သံကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၃ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ်ရှိ ဆုံရွာနဲ့ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးရဲစခန်းသို့ ရိက္ခာနဲ့ တပ်အင်အားလာပို့တဲ့ စစ်တပ်ယာဉ် ၅ စီး၊ အင်အား ၁၄၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ယာဉ်တန်းကို တံတားဦးနဲ့ ဆီမီးခုံလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ယာဉ်တွေ ရှေ့ဆက်မတိုးတော့ဘဲ ယာဉ် ၃ စီး မင်းနေကုန်းရွာရဲစခန်းကို ပြန်လည်ဆုတ်ခွာသွားကာ တော်လှန်ရေးပူးပေါင်းတပ်တွေက ယာဉ် ၂ စီး သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် MA11 ၁ လက်၊ MA3 ၁ လက်၊ MA1 ၂ လက်၊ ၅.၅၆ကျည် ၁၈၇၀ တောင့်၊ ၉ မမကျည် ၅၇၇ တောင့်၊ ကျည်ဘောက်မျိုးစုံ ၁၀ခုနဲ့ စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း၊ မြင်းခြံခရိုင်၊အမှတ်(၇)တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ အမရပူရမြို့နယ် ပ.က.ဖ၊ မြင်းခြံမြောက်ပိုင်းသားပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံအမှတ်(၆)တပ်ရင်း တပ်ခွဲ (၃)၊ TGYRပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ကျားကြီးပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နဲ့ အောင်တံခွန်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့အဝင် ယာဉ်များကို ပိုက်ဆံတောင်းနေသည့် စစ်သားများအား ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နဂါးဖြူတပ်ရင်းနှင့် SOF တို့ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းကို နဂါးဖြူတပ်ရင်းနဲ့ SOF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို White Dragon -P29904 က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အညာစစ်ဒေသအတွက် တပ်သားများ ခေါ်ယူ (ရုပ်/သံ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က အမှတ် (၃၀၈) အညာစစ်ဒေသအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများထံ အသိပေးထားပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ၂ ယောက်သေဆုံးကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၄/၀ မှာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က ခရီးသည်တင်ယာဉ် ၁ စီး တိမ်းမှောက်ပြီး ခရီးသည်အမျိုးသမီး ၂ ယောက် သေဆုံးကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)

ထန်းတပင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ဧရာဝတီ အမှတ် (၃) တပ်ရင်း နဲ့ ပဲခူး PDF တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး (ရုပ်/သံ)