ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ ညောင်လေးပင်မြို့နဲ့ ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တောကျီးကန်းတပ်ရင်း နဲ့ တော်ဝင်ဒေါင်းတပ်ရင်း ပူးပေါင်းအဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက် နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းကို ရှင်းလင်းချေမှုန်းနိုင်ခဲ့သလို၊ စစ်လက်နက်ပစ္စည်းများနဲ့အတူ စစ်ကောင်စီ ရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်ထွန်း၊ ရဲအရာခံဗိုလ် အောင်မျိုးဦးနဲ့ ရဲတပ်ကြပ်လင်းထင်တို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး ၎င်းတို့ရဲ့ ဝန်ခံပြောကြားချက်များကို အများပြည်သူသိရှိနိုင်ရန်အတွက် တောကျီးကန်းစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) တပ်သား- အောင်မြင့်ထက်၏ ပြောကြားချက် (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ၁၅နှစ်အရွယ် စစ်ကောင်စီတပ်သား တိုက်ပွဲနေရာတွင် အိပ်ပျော်ရင်း ကျန်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် (ရတခ) လက်အောက်ခံ ခလရ (၂၄) ကိုယ်ပိုင်အမှတ်-ပစ/တပ်သား- ရန်အောင်မိုး၏ ပြောကြားချက် (ရုပ်/သံ)

“တောင်ဒဂုံမြို့နယ်မှာ နေပါတယ်။ အုပ်ကြီးက ကျနော့်ကို ကြည့်မရပါဘူး။ မင်းကို ဆင့်ခေါ်စာပါတယ်ဆိုပြီး ကျနော့်ကိုခေါ်ပါတယ်။ မဲလည်း မနှိုက်ရဘူး။ လှည်းကူးကို တစ်နေ့ပဲ ညနေ ဆို ပြန်လာရမယ်ဆိုပြီး လွှတ်လိုက်တာ ဘုရင့်နောင်စုဆောင်းရေးကို ရောက်သွားပါတယ်။ ကျနော် ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ ဝင်တာမဟုတ်တဲ့အတွက် ပျော်ရွှင်မှုမရှိပါဘူး။ ကြီးနိုင်ငယ်ညှင်းပေါ့။ ပစတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိပါတယ်''
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

ရိုက်နှက်နှိပ်စက်ခံနေရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကို PDF ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ ခလရ ၂၅၄ တပ်ကြပ် စံမိုးကို ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ Burma Revolution Rangers တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၈) ကိုယ်ပိုင်အမှတ်- တ/၁၃၂၈၉၅ တပ်သား – ဖြိုးဝင်အောင်၏ ပြောကြားချက် (ရုပ်/သံ)

''PDF တစ်ယောက်ကို စစ်ကြောင်း ၂က နယ်မြေရှင်းလင်းရေးနဲ့ ၁ ယောက်အရှင်မိသွားတယ်။ မပြေးနိုင်လို့ စခန်းကုန်းပေါ်မှာ ကျန်ခဲ့တာ။ Drop ဗုံးထိထားတာ။ အဲဒါဖမ်းလာတာ။ ဖမ်းပြီး သူတို့ လိုချင်တာတွေ မေးတယ်။ ဟိုလူကလည်း ပြန်ပြောတယ်။ သူတို့ လိုချင်တာမေးပြီး သတ်လိုက်တယ်။ တစ်နေ့ပဲထားတယ်''