အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အတူတကွရပ်တည် ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုများကို မေတ္တာရပ်ခံ ပန်ကြားလွှာ ပေးပို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပူးပေါင်းဖွဲ့စည်း ထားတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ အနေနဲ့ တော်လှန်ရေးအင်အားစုများကို မေတ္တာရပ်ခံ ပန်ကြားလွှာ ပေးပို့ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပန်ကြားချက်မှာတော့ အကြမ်းဖက်စစ်အုပ်စု အသက်ဆက်‌ အသာစီးရယူရေးနဲ့ စစ်အာဏာရှင်စနစ် တည်မြဲ အားကောင်းရေးကို ရည်ရွယ်ဆောင်ရွက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်တာတွေကို တော်လှန်ရေးသတိကြီးစွာနဲ့ ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ပြတ်သားခိုင်မာတဲ့ သဘောထားရပ်တည်ချက်တွေနဲ့ အားလုံးအတူတကွ တုန့်ပြန် ဆန့်ကျင်သွားဖို့ ပါဝင်ပါတယ်။
တိုင်းရင်းသားဒေသတွေ အပါအဝင် တော်လှန်ရေးဒေသအသီးသီးရဲ့ နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲတွေ လာရောက်စီစဉ်ကျင်းပတာ မပြုလုပ်နိုင်ရေးအတွက် ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းဆန့်ကျင် တိုက်ဖျက်ဖို့နဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွေ လုံးဝကျင်းပခွင့်ပြုမှာမဟုတ်ကြောင်း တစ်နည်းနည်းနဲ့ တရားဝင်ထုတ်ပြန်ကြေညာဖို့လည်း ပါရှိပါတယ်။

ဒါ့အပြင် တော်လှန်ရေးဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေး ရည်မှန်းချက်ပြည့်မြောက် အောင်မြင်တဲ့အထိ စုစည်းညီညွတ်စွာ အတူတကွ ဆက်လက်ချီတက်ဖို့ကိုလည်း NUG နဲ့ NUCC တို့ ပါဝင်တဲ့ ကော်မတီက ပန်ကြားထားပါတယ်။

တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီအနေနဲ့ “၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်သည်” ဆိုတဲ့ မူကို အခြေခံ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ပုံစာ – ၂၀၂၀ တရားဝင်အထွေထွေရွေးကောက်ပွဲ ပုံရိပ်အချို့
0 Shares:
You May Also Like
Read More

လေးနှစ်တိုင် CDM ဝန်ထမ်းများ တိုက်ပွဲဝင်နေမှုအပေါ် အပြည့်အ၀မကူညီနိုင်ခဲ့ဟု NUG ပြော

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေး အဖွဲ့ဝင်တွေ ဝင်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကပစ ၂၂ က စစ်သား ၃ ယောက်သေ၊ ၂ ယောက် ပြင်းထန်ဒဏ်ရာရ..

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

စစ်ကိုင်း PDF ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ကိုယ်စီနှင့် အလင်းဝင်

"လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်" လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။