ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်တပ်နဲ့ ​လက်ပါးစေ PNO (PNA) တို့ ပူးပေါင်းပြီး အင်အားရာချီနဲ့ ၆လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ကို အသည်းအသန် ပြန်လိုချင်နေတဲ့ စစ်တပ်နဲ့ လက်ပါးစေ PNO (PNA) ပူးပေါင်းတပ်ဟာ အင်အားရာနဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့သလို ဒရုန်းတွေ၊ အဆိပ်ဗုံး၊ မီးလောင်ဗုံး၊ လက်နက်ကြီး၊ လေယာဉ် စတာတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ကာ မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ Mobye PDF Rescue Team (MPRT) က ဆိုပါတယ်။

“မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။” လို့ MPRT က ဆိုပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့အတွက်၊ ဒေသခံပြည်သူလုထုတွေအတွက် ရှေ့တန်းမှာ မားမားမတ်မတ် ခုခံကာကွယ်ပေးရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းစစ်သည်တွေအတွက် အင်မတန် စိတ်မကောင်းဖြစ်မိတယ်လို့လည်း MPRT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ဆီက သိမ်းပိုက်နိုင်ခဲ့သလို အချိန်တစ်ခုအထိလည်း ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဆက်ပြီးတော့လည်း ပြန်လည်သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း MPRT က ထုတ်ပြန်ထားပါတယ်။

“တော်လှန်ရေးတပ်ပေါင်းစုများ ၊ ဗျူဟာမှူး ၊ တပ်ရင်းမှူး ၊ တပ်ခွဲမှူးများ ၊ စစ်ကြောင်းမှူးများ ၊ ရဲဘော်များ ၊ ဆိုင်ရာအားလုံးလည်း မိုးမြဲမြို့ ခွေးတွေကို ပြန်ပေးလိုက်ရတဲ့အပေါ် အရမ်းမခံစားပဲ၊ စိတ်ဓာတ်မကျပဲ အကောင်းဆုံး comeback ပြန်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ကျဆုံးစစ်သည်များရဲ့ စတေးမှု အလကားမဖြစ်ရအောင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ။စိတ်ဓာတ်မကျပဲ အကောင်းဆုံး ပြန်လာကြမယ်၊ ပြန်လာဖို့လိုတယ် “လို့ MPRT က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရေစကြိုတပ်ပေါင်းစုအတွက် အောင်ပန်းဝေစေရှင်မတောင်မြေကမ်ပိန်းမှ ရရှိသည့် ထောက်ပို့ငွေများဖြင့် ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ အီကွေ့မန့် ၊ ယူနီဖောင်းများ တပ်ဆင်…

ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်တွေအတွက် အောင်ပန်းဝေစေရှင်မတောင်မြေ ကမ်ပိန်းကနေ ရရှိတဲ့ ထောက်ပို့ငွေတွေနဲ့ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်တွေကို ဝယ်ယူအားဖြည့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးမြို့နယ်တွင်းက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်ဖျက်ဆီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းအား တစ်နေ့တည်း ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) တို့ကို တစ်ရက်တည်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်တွင် စစ်တပ်ထောက်ခံသူအများစု ရှိနေသည့် ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ၂ ဦးဆုံးသေပြီး ဘုန်းကြီး၁ပါးနှင့် ပြည်သူ ၇ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်တပ်ထောက်ခံသူအများစုရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လူ၂ ယောက် ​သေဆုံးပြီး ဥူးပဥ္ဇင်း ၁ ပါးနဲ့ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ​CRA တော်လှန်ရေးတပ်ဖွဲ့ စခန်း၂ခုနဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီး ဆိပ်ဖြူမှာ စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ခိုက်တွေမှုဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း သိရပါတယ်။
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။