ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် သေဆုံးပြီး (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဇူလိုင်လ (၁) ရက် ညပိုင်းက ပိန်းဇလုတ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းကနေ ၈၁ မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ရာ ရေတွင်းကုန်းကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးကာ နွား(၃) ကောင် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၉) ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်ကလာတဲ့ ဂျက်ဖိုက်တာဟာ ဝဲကြီးဝဲဒေါ ကျေးရွာထဲ လာရောက်ပစ်ခတ်မှုကြောင့် (၄) နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး အရပ်သားပြည်သူ (၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဇွန်လ (၂၈) ရက် ညပိုင်းက စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းကနေ ဟောင်ဝစ်ဇာတစ်လုံး ပစ်ခတ်ခဲ့ရရာ ချုံအင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဟိုပန်ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်သည့် ကလေးငယ်အပါ အမျိုးသမီး (၄) ဦးအား အဓမ္မ ပြုကျင့်မှုဖြင့် UWSA ရာထူးဆိုင်းငံ့၊ လျော်ကြေးငွေယွမ် (၃) သိန်း ပေးဆောင်စေပြီး ထောင်ဒဏ် (၁၀) နှစ် ချမှတ်

"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင်က ခရိုင်မှူးဖြစ်သူ တာ့ညီလင်းဟာ အမျိုးသမီးငယ် (၄) ယောက်ကို အဓမ္မပြုကျင့် စော်ကားခဲ့မှုနဲ့ UWSA - တရားစီရင်ရေးဌာနက သြဂုတ် ၁၆ ရက် မနေ့က လူထုရှေ့မှာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ "ဝ" လူငယ့်အသံက သတင်းဖော်ပြထားပါတယ်။