မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ စစ်တပ်ခြေလျင်တပ်ရင်းဆီ ပို့ဆောင်မယ့် ရိက္ခာတွေကို ကုန်သယ်ကား ၁ စီးနဲ့အတူ စစ်ဆေးဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်- ပကဖ သတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။

ဇူလိုင်လ ၂ရက်၊ ဒီနေ့မနက်ပိုင်းမှာ ပခုက္ကူတပ်မ (၁၀၁) ကနေ ထွက်လာတဲ့ မှန်လုံကုန်သယ်ကား ၁စီးကို ရေစကြို ပကဖတပ်ဖွဲ့ဝင်တွေက ပခုက္ကူ-ရေစကြိုလမ်းပိုင်းတစ်နေရာမှာ ရှာဖွေစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆေးမှုအတွင်း ရေစကြိုမြို့နယ်အခြေစိုက် ခလရ (၂၅၆) တပ်ရင်းကို ပို့ဆောင်မယ့် ဆန် ၃၅ အိတ်၊ စားဆီ ၁၄ပုံး၊ စက်သုံးဆီ ၇ပုံး၊ ဆား ၁အိတ်နဲ့ ဟင်းချို ၁အိတ် တို့ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေစကြိုပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

“ဒီနေ့ ၉နာရီလောက်မှာ ရေစကြို- ပခုက္ကူလမ်းပိုင်းပေါ် ကျနော်တို့ ရှောင်တခင် တက်စစ်တယ်ပေါ့။ အဲ့မှာ ဒီကားကိုတွေ့တယ်။ စစ်ကြည့်တော့ စာရွက်စာတမ်းတွေနဲ့ ခလရ-၂၅၆ ကိုပို့မယ့် ရိက္ခာကားဖြစ်နေလို့ သိမ်းဆည်းခဲ့ပါတယ်။ ယာဥ်မောင်းက အရပ်သားပါ။ စစ်ကောင်စီက လက်နက်ပြခြိမ်းခြောက်ပြီး ချောဆွဲတာလား၊ နဂိုအလိုတူအလိုပါလားဆိုတာကိုတော့ ဆက်ပြီးစုံစမ်းရပါဦးမယ်။ ဒါကြောင့်မို့ ထိန်းသိမ်းထားပါသေးတယ်။ သတင်းဆက်ထုတ်ပြန်ပါမယ်။” လို့ ရေစကြိုမြို့နယ်- ပကဖ သတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။
ပခုက္ကူ-ရေစကြိုလမ်းပိုင်းအတွင်း ပခုက္ကူမြို့နဲ့ ရေစကြိုအခြေစိုက် စစ်တပ်ရင်းတွေ၊ ပျူစောထီးရွာတွေဆီ အပြန်အလှန်ပို့ဆောင်တဲ့ အသွင်ပြောင်း စစ်ကောင်စီရိက္ခာကားတွေကို ရေစကြို ပကဖ အပါအဝင် ဒေသ တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို ဖမ်းဆီးသိမ်းဆည်းရမိနေတာလည်း ဖြစ်ပါတယ်။

“ဒီလမ်းပိုင်းပေါ် ကျနော်တို့ဖမ်းမိတာ ၄ကြိမ်ထက်မနည်းရှိပါပြီ။ အရပ်သားကားတွေ သုံးတယ်ဆိုတာက ပေါ်ပေါ်ထင်ထင် မသွားရဲတော့လို့ပါ။ ဒီလမ်းပိုင်းက သူတို့တွေ စိုးမိုးများတယ်ဆိုပေမယ့် မလုံခြုံတော့တာ အထင်အရှားပါပဲ။” လို့ ရေစကြိုမြို့နယ်- ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့ကလည်း ဆင်ချောင်းပျူစောထီးရွာနဲ့ ရေစကြိုရုံးပေါင်းစုံဆီ ပို့ဆောင်မယ့် ဘိလပ်မြေအိတ်တင်ကားနဲ့ စားဆီတင်ကားတွေကို Southern YSO PDF က ပခုက္ကူ-ရေစကြိုလမ်းပိုင်းအတွင်းမှာပဲ ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်ကိုထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို တရုတ်ကပြန်လည်လွှဲပြောင်း

KIA ရဲ့ထိုးစစ်ကြောင့် ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ ထွက်ပြေးဆုတ်ခွါသွားရတဲ့ စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များတွင် လမ်းများကို စစ်ကောင်စီ ဖျက်ဆီးထား

“အခုသူတို့ လမ်းဖျက်တာက PDF တွေကို ရိက္ခာဖြတ်ချင်လို့ပေါ့နော်။ အဲ့လို ပုံစံနဲ့ လမ်းတွေကို လာဖျက်ဆီးသွားတာပါ။ လမ်းဖျက်သွားတဲ့ ကြားက PDF စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့ သူတို့က လမ်းလာဖျက်သွားတယ်၊ တကယ် ဒုက္ခရောက်တာက ပြည်သူတွေပါပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ မဲစာရင်းတွင် သေတဲ့လူတွေ ပါနေပြီး အုပ်ချုပ်ရေးမှူးနှင့် အမတ်လောင်းမိသားစု မပါသည်အထိ အမှားများနေကြောင်း ဘူးလက်လှဆွေ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် KK Park ကို ဆက်လက်ဖောက်ခွဲနေ

မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။