ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၁၃/၂၀၂၅” မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။

” ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ အခိုင်အမာ ရှိနေပါတယ်။ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီ ကျင့်စဥ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းပင် ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောက် ရွေးကောက်ပွဲကို အတင်းအကျပ် ပြုလုပ်နိုင်ဖို့ စိုင်းပြင်းနေတာကို တွေ့ရတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။

“ကိန်းဂဏန်းအချက်အလက်တွေအရ အကြမ်းဖက်စစ်အုပ်စု ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုပြီး မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့တဲ့ လူထုမထောက်ခံတဲ့ ပါတီတွေပဲ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လူထုထောက်ခံမှုရှိတဲ့ ပါတီတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ထားပြီး လူထု ထောက်ခံမှုမရှိတဲ့ ပါတီတွေနဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဟန်ပြပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်၊ ဒေသခံပြည်သူ ၄၀ ထက်မနည်းသေဆုံးပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ဒဂုံမှာ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ဥက္ကဌနဲ့ ရာအိမ်မှူး ဆိုသူတွေ ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။