ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှာ စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ ရဲဘော် ချာလီ (ခ) ဗိုလ်သံချောင်းဟာ ဇွန်လ (၂၄) ရက်က မိုးဗြဲမြို့ဆီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် ချာလီ (ခ) ဗိုလ်သံချောင်းဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ဒီးမော့ဆိုအမှတ် (၁၁၀၂) တပ်ရင်းကို စတင်၀င်ရောက် တာ၀န်ထမ်းဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတာ၀န်တွေကို ကျေပွန်အောင် တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ဆိုပါတယ်။

စစ်အာဏာရှင်ကျရှုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အသက်ပေးခဲ့တဲ့ ရဲဘော် ချာလီ (ခ) ဗိုလ်သံချောင်းအတွက် ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းအနေနဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ထပ်တူ၀မ်းနည်းကြေကွဲရသလို ပြည်သူ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အသက်ပေးခဲ့ရတဲ့ ရဲဘော် ချာလီ (ခ) ဗိုလ်သံချောင်းနဲ့အတူ နွေဦးတော်လှန်ရေး အာဇာနည်တို့ကို တိုင်တည်ပြီး ပိုမိုကြိုးစားကာ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီမှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေကို အရေးယူမယ်

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း ကောက်ယူပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပါဝင်လုပ်ဆောင်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့  ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို က ထုတ်ပြန်လိုက်ပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကလေးမြောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ကသည်းနှင့် နာဂသူပုန်များ အသုံးပြုပြီး စစ်ကြောင်းများဆက်ထိုးနေသဖြင့် စစ်ရေးတင်းမာမှုများရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကလေး-တမူးလမ်းပိုင်းကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။
Read More

တောင်တွင်းကြီးတွင် လက်နက်များတင်ဆောင်လာသည့် စစ်ကား တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ်ပါ စစ်သား ၅ ဦး သေ၊ ၇ ဦး အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး မောင်းနှင်လာတဲ့ စစ်ကား ၁စီး ဝက္ကသေးတံတားပေါ် တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ် လိုက်ပါလာတဲ့ စစ်သားတွေထဲက ၅ယောက်သေကာ ၇ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။