ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ ဟန်ပြ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် အပါအ၀င် (၁၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က ညနေပိုင်းမှာ လေကြောင်းကနေ ကျောက်မဲမြို့၊ ရပ်ကွက် (၃) မှာ ဗုံးလာရောက်ကြဲချမှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု နေအိမ် (၁၆) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့၊ ရပ်ကွက် (၇)မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၃) ယောက် သေဆုံးခဲ့ပြီး အမျိုးသား (၅) ယောက်နဲ့ အမျိုးသမီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၇) လုံးနဲ့ သီလရှင်စာသင်ကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ်ကို တိုက်ပွဲမဖြစ်ပွားဘဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်၊ ပဋိပက္ခများ ပိုတိုးလာနိုင်သည့် ရွေးကောက်ပွဲ လုံးဝ အသိအမှတ်မပြုကြောင်း NLD ထုတ်ပြန်…

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၉၄) ယောက် သေဆုံးပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ကျဉ်းကို ဒကစမှူးနဲ့ အပေါင်းအပါတွေ အမှုဆင်ငွေညှစ်ပြီး မတရားဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။