ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် လမ်းမဘေးတလျှောက်က ကျေးရွာတွေကို စတင်မီးရှို့ခဲတာဖြစ်တယ်လို့ သိရပါတယ်။ 

“ရွာတွေက ၉၉ ရာခိုင်နှုန်းလောက်က ထွက်ပြေးတိမ်းရှောင်ကုန်ပြီ၊ တချို့ သေရင်တောင် ရွာမှာပဲ သေမယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေ၊ အိမ်စောင့်တွေလောက်ပဲ ကျန်ခဲ့ကြတာ။ သူတို့တွေ ဖမ်းခံထိထားတယ်။ အခုက ရွာတွေကို မီးရှို့ဖို့ကို တပ်မမှုူးက အမိန့်ပေးထားတာလို့ သိရတယ်” လို့ မင်းလှ ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၂၂ရက်နေ့မှာ ဦးတိုကျွဲလမ်းစုရွာက နေအိမ် ၃လုံး၊ သရော်ကုန်းရွာက နေအိမ် ၂လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၂၃ ရက်နေ့မှာတော့ ဗိုလ်တထောင်ရွာ၊ ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ ဂန့်ဂေါ်ပင်ရွာ၊ ငလှစမ်းရွာတို့ကို မီးရှို့ခဲ့ကာ ငလှစမ်းရွာက ဒေသခံပြည်သူ ၁၄ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဇွန်၂၄ ရက်နေ့ ညနေပိုင်းမှာလည်း ငလှစမ်းကျေးရွာကနေ စစ်ရှောင်ထွက်ပြေးလာတဲ့ ကိုရဲမောင်နဲ့ ညီမဖြစ်သူကိုလည်း ဘန့်ဘွေးပင်ရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ရိုက်နှက်ခေါ်ဆောင်သွားခဲ့သေးတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီနေ့ ဇွန်လ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာလည်း ကျောင်းရွာအုပ်စု၊ ကျွဲမကိုင်းရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ မင်းလှမြို့နယ်အတွင်းက ကျွဲမကိုင်း၊ ရွေးကုန်း၊ စမ်းဘုတ်၊ ကျွန်းကုန်း၊ ဆားချောင်း(အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင်၊ ရွှေပေါက်ပင်၊ တောင်လိမ်၊ ကံသုံးဆင့်၊ ထောက်ကြန့်၊ သရော်ကုန်း၊ ဘန့်ဘွေးပင်၊ ဆားချောင်း(အနောက်)၊ ဆင်အိုင်ချောင်းပေါက်၊ တောင်ပြတ်ရွာသစ်၊ တောင်ပြတ်ရွာမ၊ ဦးတိုကညင်ပင်၊ ဦးတိုကျွဲလမ်းစု၊ ဦးတိုစာဖြူစု၊ ဦးတိုတာကလေး၊ ဦးတိုတောင်စု၊ ဦးတိုမြန်မာစု၊ ဦးတိုရွာသစ်၊ ဂန့်ဂေါ်ပင်ရွာသစ်၊ ဂန့်ဂေါ်ပင်ရွာမ၊ ဗိုလ်တထောင်၊ စာဖြူစု၊ ဖားလေးကွင်း၊ ဖားလေးကွင်း (အရှေ့စု)၊ ဖားလေးကွင်း (အနောက်စု)၊ ဖားလေးကွင်း (တောင်စု)၊ ညောင်ပင်သာရှမ်းစု၊ စမ်းတောင်ကွေ့၊ ညောင်ပင်သာရွာမ၊ ညောင်ပင်သာရွာသစ်၊ ကရင်စီကွ၊ အင်ကြင်းကုန်း (တောင်)၊  အညာတန်းကြီး၊ တာကလေးကျေးရွာ အပါအဝင် ရွာပေါင်း ၄၀ကျော်မှ ပြည်သူတစ်သောင်းကျော်ဟာ စစ်ရှောင် ထွက်ပြေးနေ ရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့တွင် ဦးတိုကျွဲလမ်းစုရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း (၁) - PDLB ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရ

ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။ 
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။