ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက် မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က မွန်းတည့်ကျော်ချိန်မှာ လက်နက်ငယ်တွေ စတင်ပစ်ခတ်ခဲ့ကာ တော်လှန်ရေးတပ်တွေရှိရာ ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂)နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကဟာ အဲ့ဒီနေ့ မနက်ပိုင်းမှာပဲ Y12 နဲ့ ဗုံး(၂၂) လုံး၊ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး (၂)လုံး၊ နေ့လည်ပိုင်းမှာ ပေါင် ၅၀၀ဗုံး ၁လုံး၊ Y12နဲ့ ဗုံး(၃၃)လုံး ၊ ညနေပိုင်းမှာ Y12 နဲ့ ဗုံး( ၂၄)လုံး စသဖြင့် တနေ့ကုန်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး နောင်ချိုမြို့အနီးတဝိုက်‌ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်း စစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံတစ်ယောက်ကို ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံ စစ်သားတစ်ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့တွင်းကို KIA နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထား၊ စစ်ကောင်စီရဲ့ အမှတ် ၄၇ တပ်ရင်းအနီးရှိ အကျဥ်းထောင်က အကျဥ်းသားတွေပါ လွတ်မြောက်သွား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေရာယူထားပြီး ဗန်မော်မြို့ရဲ့အကြမ်းဖက်စစ်တပ် ဗျူဟာအမှတ် ၄၇ တပ်ရင်းအနီးမှာရှိတဲ့ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကအပါအဝင် အကျဥ်းသားအချို့ပါ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗန်မော်ဒေသခံတွေဆီက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သည့် ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ် သွားရာက်ဂါရဝပြုကန်တော့

ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) က ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြု​ခြင်းနဲ့ ဂါရဝပြုကန်တော့​ခြင်း​ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။