မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုမရှိဖို့နဲ့ ပြည်တွင်းအဖျက်အမှောင့် ပယောဂတွေ ကင်းစွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ တရုတ်အကူအညီနဲ့ လားရှိုးမှာ ပြန်လည်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၂၅ ရက် ဒီနေ့မနက် ဘယ်လာရုစ်နိုင်ငံကို မထွက်ခွာခင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ပြုလုပ်တဲ့ Peace Forum 2025 ဖွင့်ပွဲအခမ်းအနားမှာ အကြမ်းဖက်မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

“နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီး နိုင်ငံများနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်တာ မှန်ပေမယ့်လည်း ဩဇာခံ ဖြစ်မသွားဖို့လည်း အထူးသတိပြုကြရမှာ ဖြစ်ပါတယ်” လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးကာလအတွင်း ပထမဆုံး လက်လွှတ်ခဲ့ရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA) ဆီကနေ တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ပြန်လည်လက်လွှဲရရှိထားတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးစေဖို့ ကြားဝင်ဆောင်ရွက်နေတဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း စစ်ကောင်စီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကို အဓိက ကိုင်စွဲထားသလို လက်နက်ကိုင်စွဲကာ လိုလားချက်တွေ တောင်းဆိုနေတာတွေဟာ ဒီမိုကရေစီနဲ့သွေဖယ်နေပြီး တွေ့ဆုံ ဆွေးနွေး ရေးလမ်းကြောင်း အမြဲဖွင့်ထားတဲ့အတွက် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၊ ပါတီထောင်ကာ နိုင်ငံရေးလမ်းကြောင်းကို လာရောက်ဖို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကိုလည်း အခုနှစ်ကုန်ပိုင်းမှာ မဖြစ်မနေ ကျင်းပသွားမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပေါ် အများကြီး မူတည်နေတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်နှင့် သူ့အား လက်ခံကြိုဆိုသူ ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်း၊ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်ရဲ့ ဖမ်းဝရမ်းပုံတွေအပြင် ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်လံကပ်ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ရေး သတင်းပေါက်ကြားမှုကို ထိန်းချုပ်နိုင်ဖို့ အခပေး Starlink အသုံးပြုခွင့်ကို တစ်လပိတ်ပင်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ…
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့

နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။