ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃) နယ်မြေ ရေဖြူကန်ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇွန်လ ၂၀ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး (၂)လုံး ပစ်ချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးသီးတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေထိုင်ရာ အဆောက်အဦးပေါ် ကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်က (၄) ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ထုတ်ပြန်သည့် နဂါးနန်းတော် ရွှေဆိုင်ဓားပြမှု တရားခံ ၂ ယောက်သည် ကျေးရွာ PDF တပ်ဖွဲ့ဝင်များနှင့် မသက်ဆိုင် ဟု သိရ

မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက် KNDF ဆီ ထွက်ပြေးခိုလှုံ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

DKBA ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားများ အထူးသဖြင့် တရုတ် မသယ်ရဟု အမိန့်ထုတ်

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုပြစ်တင်ခံနေရတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားတွေ သယ်ဆောင်ခြင်း မလုပ်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။
Read More

ဝက်လက်မှာ တစ်ရက်အတွင်း စစ်တပ်စစ်ကြောင်း တစ်ခုလုံးနီးပါး ပြုတ်ထွက်ကာ ၁၀၀ နီးပါး သေ

ဇန်နဝါရီ ၅ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား များစွာ သေဆုံးခဲ့ပါတယ်။ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်ထွက်သွားအောင် တိုက်ခိုက်ခံရသလို စစ်သား ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။