စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့ မနက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကာလတလျှောက် ၄င်းတို့စခန်းမကျရေးအတွက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀၀) ကျော် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ (၅၀၀) ကျော် ကျဲချခဲ့ပေမဲ့၊ စခန်းကို PLA ပူးပေါင်းတပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄၀) ကျော် ‌သေဆုံးပြီး၊ သုံ့ပန်း (၄) ဦး ဖမ်းဆီးရမိခဲ့တဲ့အပြင်၊ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကိုလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ပစ်ချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

“ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’ ပရောဂျက်တွင် တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ပေးကြဖို့ KNDF B-09 ရဲဘော်တွေ တိုက်တွန်းနှိုးဆော် (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ်-၉ တပ်ရင်း (KNDF B-09) မှ ပြုလုပ်ထားတဲ့ “ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’  သိန်း (၅၀၀၀ ) ပရောဂျက်ကြီးမှ တော်လှန်ပြည်သူတွေ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရိက္ခာတင်ယာဉ်တွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ  တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရိက္ခာ တင်ယာဉ် ၄ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်ဒိုနီးရှားတွင် ကစားကွင်းမတော်တဆမှုကြောင့် ကလေးငယ် ၅ ဦးနှင့် လူကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ၊ ကေတာပန်မြို့ရှိ ကစားကွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီး ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Liputan6SCTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ ယောက်နှင့် သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ထံက သိရပါတယ်။