မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားအောက်ရှိ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၈ ရက်က စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်တဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံး၊ မီးသတ်ရုံးတို့ကို ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁၉ ရက်မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ဌာနဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံးတို့ကို ဖျက်အားပြင်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ဗမာ့တပ်တော် (BAMAR ARMY)၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့(SPMNF)၊ စလင်းမြို့ပြ UG ကျားပေါက်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ CDM စစ်သားနဲ့ရဲတွေ ကြိုဆို

CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် အထူးပင် ဝမ်းမြောက်စွာ ကြိုဆိုကြတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ… နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃) ယောက် သေဆုံးပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံ၏ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်တော့သည်ဟု NUG ဆို

မြန်မာနိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တော်လှန်ခုခံစစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

မူးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။