ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ထက်မနည်း သေဆုံးပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က ဒီနေ့မှ တရားဝင် ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၉ ရက်က အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ တက်လာတဲ့ တပ်မ(၄၄) နဲ့ (၅၅) ပူးပေါင်းစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဦးဆောင်တဲ့ ရာမညမွန်တပ်တော်နဲ့ ပူးပေါင်းတပ်တွေ (၇)နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ 2IC အဆင့်ဗိုလ်မှူးအပါအဝင် (၁၀) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အယောက် (၃၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းချိန်တွင်မှာ MA(1)၊ MA(2)၊ RPG ၊ RPG သီး၊ RPG ပို့ယမ်း၊ ၆၀ မမ ကွန်မန်ဒို၊ ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်ကာဦးထုပ် စတဲ့ လက်နက်ခဲယမ်းမီးကျောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ MLA က ဆိုပါတယ်။

ဇွန်လ(၁၉)ရက် တိုက်ပွဲဖြစ်ပွားချိန်နဲ့ နယ်မြေရှင်းလင်းချိန်မှာ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိတာနဲ့ အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ရတာမရှိဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေတဲ့အတွက် အနီးတစ်ဝိုက်ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာကာ လက်နက်ကြီးနဲ့ လေယာဉ်တွေရဲ့ အသံ နားစွင့်နေထိုင်ဖို့ MLA က တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ နိုင်ငံသားတွေ လူမှန်နေရာမှန်ရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။