စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLAမှ ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို PLA မှ ဇွန်လ ၂ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၈ ရက်တာ တိုက် ခိုက်ပြီးနောက် ဇွန်လ ၁၉ ရက်မှ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စခန်းမကျစေရေး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀နဲ့ ဗုံးအလုံးရေ ၅၀၀ ကျော် ကြဲချခုခံခဲ့တယ်လို့ သိရပါတယ်။

ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ အင်မထီးရွာကို စစ်ကောင်စီက Mi17 ရဟတ် ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပေးပို့ခဲ့ပေးမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကန့်ဒေါင့်ရဲစခန်းအား သိမ်းပိုက်ချိန် စစ်ကောင်စီတပ်သား တွေ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး စခန်းတွင်းရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ပုပ်ပွနေတဲ့ စစ် ကောင်စီတပ်သားအလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေစာရင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLAမှ ထုတ်ပြန်ထားပါတယ်။

Video-ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA
0 Shares:
You May Also Like
Read More

လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်မြို့ရဲ့ လူစည်းကားရာနေရာဖြစ်တဲ့ လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ် မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ Speaker Box အသုံးပြုပြီး ဆန္ဒပြခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း၊ CDM စီစဉ်တင်ဆက်သူ ကိုကျော်သက်လင်းတိုရဲ့ ပြောစကားတွေကို Speaker ဖြင့် ဖွင့်ပြီး ဆန္ဒပြ ခဲ့ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်များ အတွက် ကစားကွင်းဖွင့်လှစ်ပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်တွေအတွက် ကစားကွင်း ဖွင့်လှစ်ပေးထားတယ်လို့ စစ်ဒေသခွဲ အမှတ်(၃) တောင်ပိုင်းစစ်ဒေသရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးတာဝန်ခံက အသိပေး ဖော်ပြထားပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုက နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People's Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေး (ရုပ်/သံ)

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။