ပဲခူးတိုင်းရှိ တပ်မတော်အကြီးစားစက်ရုံ (သာဂရ) မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေဟာ ဇွန်လ ၁၇ ရက်က လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ချိန် သာဂရတပ်မတော်အကြီးစားစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး အောင်ဖြိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တပ်ကြပ်ကြီးဆီကနေ မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင်၊ တစ်မတ်သား ရွှေလက်စွပ်တစ်ကွင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့် လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်း… (ဓာတ်ပုံသတင်း)

အညာဒေသမှာ အခြေစိုက်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့်အတွက် ဩဂုတ်လ ၂၈ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

NUG အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ ၂၀၂၅ မှာ သာလွန်စွမ်းဆောင်ရည်များဖြင့် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ တိုက်တွန်း

တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။