အမျိုသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွေက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့ကညဉ့်နက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အခမ်းအနားမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံက ပေးပို့တဲ့ မွေးနေ့ဆုတောင်းသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖ ဦးဆောင်အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းနဲ့ အမှတ်တရစကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

မွေးနေ့အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်တွေနဲ့ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် မဟာမိတ်တပ်ရင်းတွေဖြစ်တဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့၊ Loikaw Local PDF၊ ပြည်သူ့ကာကွယ်ရေးထောက်ပို့အဖွဲ့ (မြန်မာ)တို့က လူထုခေါင်းဆောင်အတွက် မွေးနေ့ဆုတောင်းစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို သွေးသစ္စာသီချင်း သီဆိုပြီး အောင်မြင်စွာ အဆုံးသတ်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း နေပြည်တော် ပကဖ က ဆုမွန်ကောင်း တောင်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်…

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်လလျှင် လူ ၅၀ ကျော် သေဆုံးနေ

၃ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ရတယ်လို့  နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေး အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်များက အတုဖြစ်ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနိုင်ထူးအောင်နဲ့ ပတ်သက်လို့ ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်စာတွေဟာ အတုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တရုတ်၏ ကြားဝင်မှုဖြင့် မိုးကုတ်နှင့် မိုးမိတ်မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်

တအာင်းတပ်မတော် TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကာ သူတို့ထိန်းချုပ်ရာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။