စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းအပြည့်အစုံကို ထပ်မံထုတ်ပြန်သွားမယ်လို့လည်း PLA က ဆိုပါတယ်။

“ဒီမနက် ၆နာရီ ၄၀ မှာ ကန်ဒေါင့်ရဲစခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ အတည်ပြုပါတယ်။ ​နောက်ဆက်တွဲသတင်းတွေ ဆက်ထုတ်ပြန်ပါမယ်။ ဇွန်လ ၂ရက်နေ့ကတည်းက စပြီးတိုက်ခဲ့တာ အခု ၁၉ရက်နေ့ မနက်မှာ ရတာပါ။” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က မောင်းကိုပြောပါတယ်။

ကန့်ဒေါင့်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း လေကြောင်း ပစ်ကူလာပေးတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကို PLA က ပစ်ချနိုင်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – PLA

0 Shares:
You May Also Like
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။