ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် – TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၈ ရက် မနေ့က မနက်ပိုင်းအချိန်မှာ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃၈)လုံး၊ ဒရုန်းနဲ့ ဗုံး(၁၀)လုံးတို့ကို ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားတဲ့ ရွှေညောင်ပင်နဲ့ ရေမောင်းတန်းကျေးရွာဘက်ကိုလည်း ပြည်သူလူထုကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၈)လုံး၊ ဒရုန်းနဲ့ ဗုံး (၂၃)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၆)ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဆမ္မဆယ်ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့ရာ အမျိုးသား (၂) ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ထိုးစစ်ဆင်တာတွေ ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို (၁)လ သက်တမ်းထပ်တိုးထားချိန် စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ 

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။