အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ ဝန်းကျင်က ကလေး (ဒကစ) ကနေ စစ်ကောင်စီတပ်တွေဟာ စစ်ကား ၁၅စီး၊ ခြေလျင်စစ်ကြောင်းတွေနဲ့ပါ စစ်ကြောင်းထိုး တိုက်ခိုက်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲမှာ ချင်းညီနောင်အဖွဲ့ဝင် မဟုတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပါ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

“စစ်ကြောင်းက ရှေ့တော့ ဆက်မတိုးလာပါဘူး။ တကယ်လို့ တိုးလာရင်တော့ ရွာတွေ အဆင့်ဆင့်ဖြတ်ပြီး တိုင်းခင်းရောက်မယ်။ တိုင်းခင်းက လမ်းဆုံပါပဲ။ တိုင်းခင်းကနေ ညာဘက်ကိုသွားရင် တီးတိန်ရောက်မယ်။ ဘယ်ဘက်ကိုသွားရင် ဖလမ်းဘက် သွားမယ်ပေါ့။ အဲ့တော့ တိုင်းခင်းထိကို ရောက်မလာပါဘူး။ ကျနော်တို့လည်း တိုင်းခင်းထိကိုတော့ အရောက်ခံမှာ မဟုတ်ပါဘူး” လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။

အခုလို စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်တိုးမလာတာကြောင့် အခုရက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာ နည်းသွားတယ်လို့ ပြောပါတယ်။ အလားတူ ချင်းပြည်နယ်တောင်ပိုင်းကိုလည်း စစ်ကောင်စီရဲ့ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်ကား ၁၂၆ စီးနဲ့ စစ်ကြောင်းထိုးလာတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“မေလအကုန်ပိုင်း ဝန်းကျင်မှာ ထွက်လာတာပါ။ စစ်ကြောင်းတလျှောက်ကတော့ ပါရာမော်တာတွေနဲ့ပါ ဗုံးကြဲပြီး လမ်းရှင်းကူ စစ်ကြောင်းထွက်လာတာပေါ့။ လောလောဆယ်တော့ ပခုက္ကူကနေ ထွက်လာတာ ကမ္မရောက်ပြီပေါ့။ အဲ့ကနေမှ ပေါက်။ ပေါက်က ပခုက္ကူနဲ့ မင်းတပ်ရဲ့ လမ်းတဝက်လို့ ပြောလို့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အခြေအနေတွေကို စောင့်ကြည့်လေ့လာနေပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင်အနေနဲ့ လက်ရှိမှာ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ မရာ၊ ဖလမ်းမြို့တွေကို တမြို့နယ်လုံး အတိုင်းအတာနဲ့ စစ်ကောင်စီ ကင်းစင်အောင် တိုက်ထုတ်ထားနိုင်ပြီး ဆက်လက်ပြီးတော့လည်း တီးတိန်မြို့ကို စစ်ကောင်စီကင်းစင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

“တီးတိန်ကို စစ်ကောင်စီ ကင်းစင်အောင် လုပ်ပြီးရင် ညီနောင်နယ်မြေတွေ အကုန် လွတ်မြောက်သွားပြီဆိုတော့ ချင်းညီနောင်ပြီးရင် ချင်းပြည်အတိုင်းအတာတစ်ခု တစ်ပြည်နယ်လုံး လွတ်မြောက်အောင် ကြည့်ရမှာပါ။ ဟားခါး၊ ထန်တလန်ဘက်ကိုလည်း ဘယ်လိုကူညီနိုင်မလဲပေါ့နော်.. လုပ်ဆောင်ဖို့တွေ ရှိပါတယ်။ ပြီးရင်တော့ ညီနောင်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ မကွေး၊ စစ်ကိုင်းပဲ ပြောပြောပေါ့နော်၊ မြေပြန့်ဒေသမှာလည်း စစ်ကောင်စီကင်းစင်အောင် တော်လှန်ရေးကို ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကိုလည်း ရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ဆလိုင်းယောမာန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သာဂရမြို့ဟောင်းက မြို့ရိုးတွေ ဖြိုချနေမှုမှာ ဗထူးတပ်မတော် ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုမှုတွေရှိနေ၊ စွပ်စွဲမှုတွေအပေါ် ဗထူးတပ်မတော် ငြင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က နှစ် တစ်ထောင် သက်တမ်းရှိ ထားဝယ်ရှေးဟောင်းအမွေအနှစ် သာဂရမြို့ဟောင်း၊ မြို့ရိုးတွေကို စက်ယန္တရားသုံးဖြိုချနေတဲ့ အပေါ် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။
Read More

ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းရဲ့ တပ်တည်ထောင်တာ ၃ မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Read More

ရေဖြူမြိုနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅ ဦး ထိခိုက်သေဆုံး… စစ်အုပ်စုက တောင်ကရင်းအင်းရွာက ရိက္ခာဝင်ယူသည့် စစ်ရှောင် အရပ်သား လင်မယားကိုလည်း သတ်ဖြတ်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာဖက် က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သန္ဓေတပ်သားက စစ်မှုထမ်းတပ်သားကို ကပ်ကြေးဖြင့် ထိုးသတ်

နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။