စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ခဲ့လို့ သလွန်ဖြူရွာနေ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့နယ်၊ အနောက်တာ ရေဝင်ရပ် သလွန်ဖြူရွာကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းပြန်မထွက်ခင်မှာ ကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီး ၆၀ မမနဲ့ စက်လက်တွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် သလွန်ဖြူရွာနေ အသက် ၄၀ အရွယ် အရပ်သား အမျိုသမီး ၁ ယောက်ဟာ လက်နက်ကြီး ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး နောက်ထပ် အသက်အရွယ်တူ အမျိုးသမီး ၁ ယောက်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားအဖွဲ့ကပြောပါတယ်။

“ရမ်းပစ်တော့ မှန်သွားတာလို့ သိရတယ်။ စခတွေကတော့ အလောင်းကို မြင်မသွားဘူး။ မြင်ရင်လည်း အစဖျောက်ခဲ့နိုင်တယ်” လို့ ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ရက်ကနေ ဇွန်လ ၁၇ ရက်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားအယောက် ၁၀၀ နီးပါးသေဆုံးထားတဲ့အထဲ အမျိုးသမီး ၄၇ ယောက်ပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က စလို့ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအထိုင်နဲ့ တပ်မ ၃၃ ဌာနချုပ်က စစ်ကောင်စီတပ်တွေအပြင် ပျူစောထီးအင်အားစုတွေပါဝင်တဲ့ အထက်ပါစစ်ကြောင်းဟာ စစ်ကိုင်းမြို့အနောက်ခြမ်းက ကျေးရွာတွေကို ၂ ပတ်ကျော်ကြာ ဝင်ရောက်နေတာဖြစ်ပြီး အရပ်သားတွေကို ဖမ်းဆီးချုပ်နှောင်တာနဲ့ နေအိမ်တွေထဲ မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့မြောက်ခြမ်းမှာလည်း မင်းကွန်းဒေသကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကြောင်းတစ်ခုရှိနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ အမျိုးသမီး (ဓာတ်ပုံ ပြည်သူ့ဘက်တော်သားအဖွဲ့)

0 Shares:
You May Also Like
Read More

ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်း ၃၀ နီးပါးက သေဆုံးသည်အထိ ရိုက်နှက်၊ ရောဂါကြောင့် သေဆုံးသည်ဟု လိမ်လည်အကြောင်းပြ

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

PDF နှင့် မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲညီညီ ကြိုးစားရင် တော်လှန်ရေး ဘုံရည်မှန်းချက်များ မဝေးတော့ ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ မဝေးတော့တဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG က ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။