အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဒေသ ဗျူဟာအမှတ်(၁၄) ကွပ်ကဲရေးအောက်ရှိ အမှတ်(၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ ပြည်သူလူထု အားပေးထောက်ခံမှုကြောင့် ဒီနေ့ထိတိုင် ရပ်တည်နိုင်ခဲ့တာဖြစ်သလို ၄ နှစ်တာကာလအတွင်းမှာလည်း အခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲလာခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဟာ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ၄ နှစ်တာကာလအတွင်း အသက်စွန့်လွှတ်ခဲ့ရတဲ့ အာဇာနည်ရဲဘော် (၄၂) ယောက်ကို အလေးပြုဦးညွှတ်ကြောင်း ထုတ်ပြန်ထားပြီး တိုင်းပြည်လွှတ်လပ်ရေးအတွက် ပေးလှူခဲ့ရတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကိုလည်း အထူးအလေးပြုတယ်လို့ ဆိုပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ‌တိုက်ပွဲအခြေအနေကြောင့် အကျဉ်းချုံးသာ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာ မိုးဗြဲမြို့အတွင်း မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့အနောက်က စစ်အုပ်စုဂိတ်စခန်းကို အလစ်အငိုက်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံး…

မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ဒေသခံ အများအပြားဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
Read More

ကရင်ပြည်နယ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးအပါ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ‌နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုနှင့် ကျောက်မဲတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။