စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းမကြီးမှာ အိမ်စီးကားနဲ့ လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ BRAVE HEART ARMYမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်ခန့်က ချောင်းဦးမြို့နယ် ထွေအုပ်ရုံးကနေ အိမ်စီးကားနဲ့ ထွက် လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မုံရွာ-မန္တလေးကားလမ်းမကြီး တစ်နေရာ တောပုပျူ စခန်းအနီးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကားပေါ်ရှိ ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေပြီး ဒဏ်ရာရရှိနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

MA-1၊ ပါရီ၊ MA-5၊ M9၊ Sig batter စတဲ့ သေနတ်အရှည် ၂ လက်နဲ့ အတို ၃ လက်အပါအဝင် ဖုန်း ၃ လုံး သိမ်းဆည်းရရှိခဲ့ပြီး အိမ်စီးကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHAမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – BRAVE HEART ARMY-BHA

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်ဖြူမြို့ ပြိုင်းစေ့ကေရွာ စစ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြိုင်းစေ့ကေရွာစစ်စခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ စရဖ ရုံးကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်သား၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ် တပ်စွဲထားရာ လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီမနက် နံနက် ၁ဝနာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနချေမှုန်းရေးတပ်ခွဲ(၇)၊ Launglone Peninsula Force-LPF ကဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၄ ယောက်သေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း‌ဗျူဟာစခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၊ ခလရ ၂ ဗျူဟာမှူး ဦးစီးနဲ့ အင်အား ၁၅၀ ကျော်ရှိ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ချစ်သုဝေ ဆုတောင်းပေး (ရုပ်/သံ)

မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် တော်လှန်အနုပညာရှင် ချစ်သုဝေက ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။