မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၄) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်၊ အလူးကြီးကျေးရွာအတွင်း စစ်ကောင်စီရဲ့ ခမရ ၃ တပ်ရင်းစခန်းက ဇွန်လ ၁၁ ရက် ညနေပိုင်းမှာ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ၁ လုံးဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၃၄) နှစ်အရွယ် အမျိုးသား ၁ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရသလို အရပ်သား (၄) ယောက် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ ကား (၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်၊ မဲလံကျေးနယ်၊ ဘုရားရွာရှိ အရပ်သားပြည်သူလူထု နေထိုင်ရာ နေရာတွေအတွင်းကိုလည်း ဘီးလင်းမြို့နယ်၊ ဘုရားရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခမရ ၃ တပ်ရင်းစခန်းက မကြာခဏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အတုအယောင် ရွေးကောက်ပွဲကိစ္စရပ်များ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း) လဝကရုံး လက်ပစ်ဗုံး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သွားကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ စစ်ကောင်စီက အနုမြူဓါတ်အားပေးစက်ရုံ တည်ဆောက်မည့်အပေါ် မြန်မာနှင့် ထိုင်းပြည်သူများ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း KNU ထုတ်ပြန်…

“၂၀၂၅ ခုနှစ် မတ်လ ၇ ရက်မှာ သတင်းမီဒီယာမှ တဆင့် ဖော်ပြခဲ့တဲ့ မြန်မာ စစ်အာဏာရှင်အစိုးရက ရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ် အနုမြူ ဓါတ် စက်ရုံ တစ်ခု တည်ဆောက်မယ့် သတင်းကြောင့် ကျွန်ုပ်တို့ရဲ့ ပြည်သူများနဲ့ ထိုင်းနိုင်ငံပြည်သူများရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနဲ့ ကောင်းမွန်သောဘဝ နေထိုင်မှုအတွက် အလွန် စိုးရိမ်ပူပန်မိပါတယ်။ လက်ရှိအနေအထားမှာ တည် ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြထားပြီး ၎င်းနေရာများမှာ ပဲခူးဒေသ အလယ်ပိုင်းနဲ့ ထိုင်းနိုင်ငံ နယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့မှာ ဖြစ်သည်” လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို အဝေးထိန်းမိုင်း​​​​​ဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သွားခဲ့ကြောင်း R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က မောင်းကို ပြောပါတယ်။
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လာလုသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ဦးသေ၊ ပစ္စည်းများအား ပိုင်ရှင်ထံ ပကဖများ ပြန်အပ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားတောင်သူတွေ​ဆီက စပါးရိတ်စက်တွေ လုယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ပျူစောထီး ၄ယောက်သေဆုံးကာ စပါးရိတ်စက် ၁စီးကို တောင်သူတွေထံ ပြန်ပေးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။