စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

“ထိခိုက်မှုကတော့ စုံစမ်းနေဆဲပါ။ ကျနော်တို့ဘက်ကပစ်ပြီးပြီးချင်း သူတို့ဘက်က တန်ပြန်ညပစ်ခတ်မှုတွေ ဆက်တိုက်ပြန်ပစ်ပါတယ်။ ဒါပေမယ့်ရဲဘော်တွေအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို BWM) နဲ့ ပူးပေါင်းအဖွဲ့များက မနေ့ ဇွန်လ ၁၄ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခတာဖြစ်ပြီး၊ အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်းနဲ့ Justice Brothers Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော်

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ် စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် အတု‌ယောင်ရွေးကောက်ပွဲမှာ မိဘပြည်သူများ မပါဝင်ကြဖို့ The Phoenix Army-TPA ရဲဘော်တွေက ယခုလိုပဲ သတိပေးတိုက်တွန်းထားပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကို ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို တိုက်ခိုက်ခဲ့ရာ အထိအခိုက်များခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ ထံက သိရပါ တယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိမှု မှတ်တမ်း (ရုပ်/သံ)

ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများပါ ရရှိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းကို စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။